တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကိုတိုက်ခိုက်သိမ်းပိုက်၍ ရက္ခိုင့်တပ်တော်အား လေးစားဂုဏ်ပြုကြောင်း IKACC ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

(ဆွေးနွေးညှိနိုင်းမှုများဖြင့် ပြည်သူလူထုများ လုံခြုံလွတ်လပ်စွာ သွားလာနေထိုင် အလုပ် လုပ်ကိုင်နိုင်ရေး ဖန်တီးနိုင်ရန်ပြုလုပ်ရန်လိုလား)

လူထက်နိုင်(ဒွာရာမြီ)/နိရဥ္စရာ ၊ မတ် ၂၃ / ၂၀၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များအား ရက္ခိုင့်တပ်တော်မှတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ်ရည်မှန်းချက်ပန်းတိုင်တူ အဖွဲ့ အစည်းတစ်ရပ်အနေဖြင့်မိမိတို့ကောင်စီကလေးစားစွာဂုဏ်ပြုကြောင်း ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC)မှ မတ်လ ၂၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ စစ်ရေး တာဝန်ရှိကြသည့် ULA/AA တာဝန် ရှိသူများနှင့် မိမိတို့ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေးတာဝန်ရှိသူတို့အကြား ခင်မင်ရင်းနှီးစွာ အချင်း ချင်း ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ်ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီ ကင်းမဲ့ဇုန်အတွင်း ဒေသခံ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်သူလူထုများ လုံခြုံလွတ်လပ်စွာ သွားလာနေထိုင်အလုပ် လုပ် ကိုင် နိုင်ရေးဖန်တီးနိုင်ရန် လိုလားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ နယ်မြေများတွင် ULA/AA မှကျင့်သုံးဆောင်ရွက်ရန် စီမံထားရှိသော အုပ်ချုပ်ရေးအစီအမံများသည် သက်ဆိုင်ရာနယ်မြေအတွင်းရှိ ဒေသခံ ချင်းတိုင်းရင်းသား လူမျိုးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးနှင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပေါ်စေရန် အထူးကရုပြုစေလိုပြီး ထိုသို့ အထူး ကရုပြုဆောင်ရွက်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!