တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းရန်အောင်မြင်စခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 787

(တမန်းသား စခန်းမှ  ထွက်ပြေးသူ စစ်ကောင်စီ  (၂၀) ကျော်ချေမှုန်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ)

နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၄

မောင်တောမြို့နယ် မြောက်ပိုင်းရှိ  ရန်အောင်မြင်စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီး စစ်ကောင်စီ အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အချို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့က သတင်းထုတ်ပြန်သည်။

၎င်းရန်အောင်မြင် စခန်းသည် ကြိမ်ချောင်းအနောက်ဘက်တွင် တည်ရှိပြီး လက်ရှိတွင် ကြိမ်ချောင်းစခန်းအားလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ နေရာ အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ထုတ်ပြန်ချက်ထဲတွင် “ ရက္ခိုင်ပြည် တိုက်ပွဲသတင်းများ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၄) ရက် ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိခဲ့ပြီး အဆိုပါကြိမ်ချောင်းစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား ယခုရက်များမှစတင်ပြီး အရှိန်အဟုန်မြှင့် လျက်ရှိကြောင်း၊  ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း၊ ကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း၊  ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်”ဟု ဖော်ပြထားသည်။

၎င်းပြင် ရက္ခိုင့်တပ်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသား စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၎င်းစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိပြီး ထွက်ပြေးနေသော ရန်သူများအား ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း (၂၀) ကျော်၊ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ