Preview

မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားနယ်ခြားစောင့်စခန်းမှ တပ်သား ၉၀ ကျော်လက်နက်ချ

မတ် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :3699
ရခိုင် သတင်း

(ထွက်ပြေးသူ တပ်ဖွဲ့ဝင် ၄၀ ကျော်အထဲမှ ၂၉ ဦးကို အရှင်ဖမ်းမိ)

နိရဉ္စရာ၊ မတ်လ ၂၅/၂၀၂၄

ရက္ခိုင့်တပ်တော် ( AA)မှထိုးစစ်ဆင်တိုက်ခိုက်နေသည့် စခန်းများအထဲက တမန်းသား နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်၉၀ ကျော်သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိ၇သည်။

လက်ရှိတွင် ၎င်းစခန်းအား ရက္ခိုင့်တပ်တော်က အောင်မြင်စွာသိမ်းပိုက်လိုက်ပြီဟု ဆိုသည်။

၎င်းစခန်းမှ လက်နက်များနှင့် အတူ ထွက်ပြေးသွားသည့် စခန်းတာ၀ခန်ခံဦးဆောင်သောတပ်ဖွဲ့ဝင် ၄၀ ကျော်အား ရက္ခိုင့်တပ်တော်က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ ၂၉ ဦးကိုအရှင်ဖမ်းမိပြီး ကျန်လူများမှာ ချေမှုန်းခံခဲ့၇သည်ဟု ၎င်းက ပြောကြားသည်။

“တမန်းသားစခန်းက တပ်ဖွဲ့ဝင် ၉၀ ကျော် မတ်လ ၂၅ ရက် နေ့လယ်၁၂ ကျော်အချိန်မှာ လက်နက် ချပါတယ်။ စခန်းက ထွက်ပြေးတဲ့ စခန်းမှူးအပါအဝင် ၄၀ ကျော်ကိုတပ်တော်က လောင်းပုတ်နားမှာ ဝိုင်းဝန်းတိုက်ခိုက်တော့ ၂၉ ဦး အရှင်ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေကတော့သေဆုံးကုန်တယ်လို့ ကြား၇ပါတယ်” ဟု ပြောသည်။

တမန်းသားတွင် တမန်းသားအရှေ့ရခိုင်ရွာ၌ အိမ်ခြေ ၂၀ နှင့်တမန်းသားအနောက်ရခိုင်ရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး ၎င်းကျေးရွာသည် မောင်တောမြောက်ပိုင်းကြိမ်ချောင်းမှ (၉) မိုင်ခန့် အကွာတွင်တည်ရှိသည်။ ရွာသားများမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက ရွာကိုစွန့်ခွာထွက်ပြေးခဲ့ကြသည်ဟု သိ၇သည်။

ရက္ခိုင့်တပ်တော်၏မတ် ၂၄ ရက်နေ့ထုတ်ပြန်ချက်ထဲတွင်လည်း  မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသား စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၎င်းစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိပြီး ထွက်ပြေးနေသော ရန်သူများအား ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း (၂၀) ကျော်၊ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်း၇မိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ  ရန်အောင်မြင်စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီး စစ်ကောင်စီ အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အချို့အား သိမ်းဆည်း၇မိခဲ့သည်။

၎င်းရန်အောင်မြင် စခန်းသည် ကြိမ်ချောင်းအနောက်ဘက်တွင် တည်ရှိပြီး လက်ရှိတွင် ကြိမ်ချောင်းစခန်းအားလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ နေရာ အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်၇ယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.