Preview

(၁၄) ကြိမ်မြောက် "ခမီအမျိုးသားနေ့"အထိမ်းအမှတ်ဘောလုံးပွဲ ထိုင်းနိုင်ငံတွင် ကျင်းပ

မတ် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :985
ရခိုင် သတင်း

လူထက်နိုင်(ဒွာရာမြီ)၊ နိရဥ္စရာ ၊ မတ် ၂၅ / ၂၀၂၄

ဧပြီလ(၂ရ)ရက်နေ့တွင် ကျရောက်မည့် (၁၄)ကြိမ်မြောက် "ခမီအမျိုးသားနေ့" အားဂုဏ်ပြု ဆိုကြိုသောအားဖြင့် ထိုင်းနိုင်ငံ စမွန်စကွန်ခရိုင်၊ကထုန်ဘန်မြို့နယ်တွင် ဘောလုံးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း 𝐊𝐡𝐚𝐦𝐞𝐞 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥𝐂𝐮𝐥𝐭𝐮𝐫𝐞𝐍𝐞𝐭𝐰𝐨𝐫𝐤မှ တာဝန်ရှိသူတစ်ဦး မှ နိရဥ္စရာ သို့ပြော သည်။

“ ခမီလူငယ်တွေရဲ့ အနာဂတ်အတွက် အခုကိုယ်လူမျိုးတွေက အခုတကွဲတပြားဖြစ်နေတယ်လေ။ အဲ့ဒီအချိန်မှာ ခမီလူငယ်တွေကို စည်းစည်းလုံးလုံးရှိအောင် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးမှုရအောင်ဆိုတဲ့ စိတ်ဆန္ဒနဲ့ လုပ်ပေးရခြင်းဖြစ်တယ်”ဟု တာဝန်ရှိသူမှပြောသည်။

အဆိုပါ အထိမ်းအမှတ် ဘောလုံးပွဲအား ထိုင်းငံ ကထုန်ဘန်မြို့နယ် ဖိကစင်(၉၉)လမ်း အုန်နိုးနိုးစက်ရုံ တွင် (၃)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး   နယ်မြေအသီးသီးမှ ခမီလူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြောင်းသိ၇သည်။

“ ဧပြီ ၂၇ ရက်နေ့ဆို ကျွန်တော်တို့မှာ "ခမီအမျိုးသားနေ့" ရှိတယ်လေ။လူငယ်လူရွယ် ကအစ လူကြီးသူမတွေပါသိအောင် ကိုယ့်အမျိုးသားနေ့ကို မမေ့မလျော့မဖြစ်အောင် အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ စုပေါင်းပြီးတော့လုပ်တာပါ”ဟု ထိုင်းနိုင်ငံရောက် ခမီလူငယ် တစ်ဦးကဆိုသည်။


ထိုင်းနိုင်ငံတွင် ဧပြီလ ၂၇ ရက်နေ့၌ အလုပ်များမအားလပ်သကဲ့သို့ သင်္ကြန်ကာလဆိုလျှင်လည်း ရုံးပိတ်ရက်များသည် ၂ရက်၊ ၃ရက်သာ ပိတ်သောကြောင့်  "ခမီအမျိုးသားနေ့"အား ယခုလတွင် ဂုဏ်ပြုကြိုဆိုကျင်းပခြင်းဖြစ်ကြောင်းသိ၇သည်။

ထိုင်းနိုင်ငံတွင်ရှိသော ခမီ လူမျိုးများအား စုစည်းပြီးပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါဘောလုံးပွဲအား မတ်လ ၂၄ ရက်နေ့တရက်တည်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။

အဆိုပါ ဘောလုံးပွဲတွင် အမျိုးသား အသင်း ၂၀နှင့် အမျိုးသမီးဘောလုံးအသင်း(၄)သင်းပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆု၊ဒုတိယဆုများအပြင် ဂိုးသွင်းအများဆုံးဆု၊ ဂိုးသမား အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊နောက်တန်းအကောင်းဆုံးဆု များကိုလည်း ချီးမြင့်ခဲ့ကြောင်းသိ၇သည်။

“ အခုအချိန်မှာ အကုန်လုံးသိကြတဲ့အတိုင်းကိုယ့်ပြည်နယ်မှာက အခြေအနေတွေမကောင်းကြတော့ ကိုယ့်ရခိုင်ပြည်မှာရှိတဲ့ ညီအစ်ကိုမောင်နှမ အားလုံး စုစုစည်းစည်းနဲ့ကျောသားရင်သားမခွဲခြားပဲ နေချင်ပါတယ်”ဟု 𝐊𝐡𝐚𝐦𝐞𝐞 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥𝐂𝐮𝐥𝐭𝐮𝐫𝐞𝐍𝐞𝐭𝐰𝐨𝐫𝐤တာဝန်ရှိသူတစ်ဦး မှပြောသည်။


ရခိုင်မျိုးနွယ်စုဝင်ဖြစ်သော ခမီလူမျိုးတို့ကို ယခင်က ခမွီး၊ ခမွေး၊ ခမီး၊ ခမီ၊ ချင်းနှင့် တောင်သားစသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ခဲ့ကြသည့်အတွက် "ခမီ"ဟု တစ်မျိုးတည်း သာခေါ်ရန် ၁၉၇၂ ခုနှစ်၊ ဧပြီ ၂၇ ရက်နှင့် ၂၈ တို့တွင် မြောက်ဦးမြို့နယ်၊ လောင်းရှည်ချောင်း (မြို့ဟောင်းမြို့နယ်)၌ပြုလုပ်ခဲ့သည့်ညီလာခံကြီးတွင် မြို့နယ်ပေါင်းစုံမှ ခမီကိုယ်စားလှယ်တို့က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိ၇သည်။

အဆိုပါ ညီလာခံကြီးစတင်ကျင်းပသော ဧပြီ ၂၇ ရက်ကို ခမီအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂ရ ရက်မှစ၍ တခမ်းတနားဖြင့်ကျင်းပခဲ့သည်ဟု သိ၇သည်။

ခမီလူမျိုးတို့သည် ရခိုင်ပြည်နယ်အတွင်း အမ်း၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင်စသည့် မြို့နယ်တို့တွင် စုစုပေါင်း လူဦးရေ ၈ သောင်းကျော်ခန့် နေထိုင်ကြသည်ဟု သိ၇သည်။

 ဓာတ်ပုံ- KhameeNational Culture Network နှင့် ဦးကျော်လှသန်း

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.