Preview

စစ်ကောင်စီ၏ ရခိုင် အနောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်ကျော်စွာဦးဖြစ်ကြောင်းဖော်ပြ

မတ် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :14358
ရခိုင် သတင်း

နိရဉ္စရာ၊ မတ် ၂၆/ ၂၀၂၄

၇ခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူးအသစ်မှာဗိုလ်မှူးချုပ်ကျော်စွာဦးဖြစ်ပြီး ၎င်းသည် မတ် ၂၄ ရက်နေ့က  စစ်တွေတွင် ပြုလုပ်သည့် ဘာသာရေးဆိုင်ရာ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။

ယခင်အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနေရာတွင်၇ခိုင်လူမျိုး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်နှင့် အစားထိုးခန့်အပ်လိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။  

စစ်ကောင်စီ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးသည်မတ် ၂၄  မွန်းလွဲ ၁ နာရီက စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပရိဝုဏ် အတွင်းရှိ သာသနာ့ ဗိမာန်တော်၌ ကျင်းပခဲ့သည့်  ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ပူဇော်ပွဲကိုအခမ်းအနားကို ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်းလင်းနှင့် အတူ တက်ရောက်ခဲ့သည်။

၎င်းအခမ်းအနားကို ၇ခိုင်ပြည်နယ်စစ်ကောင်စီက ကြီးမှူးကျင်းပခဲ့ပြီး၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.