Preview

တိုက်ပွဲပြင်းထန်လာပြီးနောက်စစ်ကောင်စီတပ်က မောင်တောမြို့ပေါ် လူနေရပ်ကွက်များထဲသို့ ဝင်ရောက်နေရာယူ

မတ် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :3302
ရခိုင် သတင်း

(မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး နုတ်ထွက်စာတင်၊ မွတ်ဆလင်များကို ဖမ်းဆီးမှုများရှိ)

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မတ် ၂၆/၂၀၂၄

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းအထိ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားလာပြီ ဖြစ်သဖြင့် စစ်ကောင်စီတပ်သည် မောင်တောမြို့ပေါ်ရှိ လူနေရပ်ကွက်များထဲသို့ ဝင်ရောက်နေရာယူ တပ်စွဲလာသည်ဟု သတင်းရရှိသည်။

မောင်တောမြို့ပေါ်ရပ်ကွက်() ()နှင့် () တွင်ရှိသည့် စာသင်ကျောင်းများတွင် စစ်ကောင်စီ တပ်သားများ ဝင်ရောက်နေရာယူထားပြီး တစ်နေရာတွင် အင်အား ၃၀ ခန့်စီ ဖြန့်ခွဲ စခန်းချထားကြသည်ဟု မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရပ်ကွက် ခုလုံးက စာသင်ကျောင်းတွေမှာ တစ်ကျောင်းမှာ အင်အား ၃၀ လောက်စီ ဖြန့်ခွဲ နေရာယူထားလို့ရှိနေတယ်။ အခုရက်ပိုင်းအတွင်းမှာဟုပြောသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့သူကြီးတပ်ရင်းမှ လက်နက်ကြီးကျည်များ အဆက်မပြတ် ပစ်ခတ်နေသည်ဟု မောင်တောမြို့ခံတစ်ဦးကပြောသည်။

" မြို့သူကြီးတပ်ရင်းကလက်နက်ကျည်တွေ တနေကုန်ပစ်နေတယ်။ တောင်ပိုင်းကိုရော၊ မြောက်ပိုင်း ကိုရော ပစ်နေပါတယ် " ဟုပြောသည်။

၇ခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် နုတ်ထွက်စာ တင်ပြီးနောက် ဖမ်းဆီးခံ၇မည်ကို စိုးရိမ်၍ ထွက်ပြေး ရှောင်တိမ်း နေ၇သည်ဟု သတင်းရရှိသည်။

မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးသည် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က မိမိ၏ရုံးခန်းအတွင်း နုတ်ထွက်စာတင်ပြီး ထွက်ပြေးသွားသည်ဟု မောင်တောမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" အုပ်ချုပ်ရေးမှူးက ကိုယ့်ရုံးခန်းမှာ စာတင်ပြီး နုတ်ထွက်သွားတာ။ အခုမြို့မှာမရှိတော့ဘူး " ဟုပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည် ကညင်တန်းရပ်ကွက်မှ မွတ်ဆလင် (၂၀) ကိုဖမ်းဆီးခဲ့ပြီး ရက်ကြာထိန်းသိမ်းပြီး ပြန်လွတ်ပေးခဲ့သည်ဟု မွတ်ဆလင်တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ညဖက်ဆိုရင်စစ်သားတွေက မွတ်ဆလင်ရွာတွေ ရပ်ကွက် တွေကိုဝင်ပြီး ဖမ်းတယ်။ နေ့စဥ်ရက်ဆက်လိုလို ဖမ်းနေတာ။ မွတ်ဆလင်တွေ လည်း ကောင်းကောင်းမနေ၇ဘူး။ ပြီးတော့ ဖမ်းဆီးခံ၇တဲ့ လူတွေကို ငါတို့ခေါ်ရင်လာလို့ စစ်တပ်ကပြောတယ် ”ဟုပြောသည်။

စစ်ကောင်စီသည် မောင်တောမြို့ပြည်သူ့ဆေးရုံအုပ်ဒေါ်နုကေသီစံနှင့် ဒေါက်တာအောင်နိုင်လင်း တို့ကိုလည်း ဖမ်းဆီး၀ရမ်းထုတ်ထားသည်။

စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် ၇ခိုင်မှဝန်ထမ်းများသည်လည်း မြို့ကို စွန့်ခွာမှုများရှိလာသဖြင့် ဌာနဆိုင်ရာရုံး အများစုလည်း ပိတ်ထား၇သည်ဟု မြို့ခံများက ပြောသည်။ 

#စစ်ကောင်စီတပ်#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.