Preview

စစ်ကောင်စီက စစ်တွေမှ မွတ်ဆလင် ၂၀ ကျော်ကို စစ်မှုထမ်းရန်ထပ်မံဖမ်းဆီး

မတ် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :5994
ရခိုင် သတင်း

( လက်ရှိစစ်သင်တန်း တက်ရောက်နေသည့် မွတ်ဆလင်ဦးရေ အနည်းဆုံး ၆၀၀ ကျော်ခန့်ရှိနိုင်ဟုဆို)

အေးမြတ်ခိုင်/နိရဥ္စရာ၊ မတ်လ ၂၆/၂၀၂၄

၇ခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်မှ မွတ်ဆလင် ၂၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းရန် ထပ်မံဖမ်းဆီးသွားကြောင်း သိ၇သည်။

ယနေ့ မတ်လ ၂၆ ရက် နေ့လယ် နာရီခွဲတွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်လမ်းထိပ်တွင် ဒေသခံ ဦးလိုက်ပါလာသည့် အိန္ဒိယသုံးဘီးတစ်စီးကို ဖမ်းဆီးသွားပြီး ယမန်နေ့ မတ်လ ၂၅ ရက်ကလည်း စစ်တွေမြို့အနီးရှိ ဘာဆာရာရွာမှ ()ဦး၊ အောင်ဒိုင်ရွာမှ (၁၀)ဦး၊ မှော်သီးညှာမှ ()ဦး စုစုပေါင်း ၂၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိ၇သည်။

အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက "စစ်တွေဘက်ကလာတဲ့ တုတ်တုတ်(အိန္ဒိယသုံးဘီး)ပေါ်မှ လူ ယောက်ပါတယ်။ မောင်းသူရော၊ ပါလာတဲ့လူတွေရော အကုန်ဖမ်းသွားတာ။ မွတ်ဆလင်တွေတော့ မြင်လိုက်ပေမယ့် ၇ခိုင်တွေလည်းပါမပါကိုတော့ သေချာမမြင်လိုက်၇ပါဘူး"ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့ မတ်လ ၂၅ရက်၊ နံနက် နာရီ ၅၀ မိနစ်တွင် စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာမှ အမျိုးသား (၁၀)ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိ၇သည်။


နောက်ပြီး ဘာဆာရာ နှင့် မှော်သီးညှာ မွတ်ဆလင်ကျေးရွာများမှ ဒေသခံအမျိုးသားများကိုလည်း လာရောက်ဖမ်းဆီးသွားပြီး ဘာဆာရာရွာမှ ဦးဖမ်းဆီးသွားသည့်အနက် ဦးမှာထွက်ပြေး လွတ်မြောက်သွား၍ မိသားစုဝင်များကို ခြိမ်းခြောက်ထားကြောင်း စစ်တွေမှာ မွတ်ဆလင် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

"မှော်သီးညှာကတော့ ယောက်ပါ။ ဘာဆာရာက ယောက်ဖမ်းသွားတဲ့အထဲက ယောက်က ထွက်ပြေးသွားလို့ ယောက် ပါသွားတယ်။ အဲ့ဒီ ယောက်ကို လာမအပ်ရင် လာဝန်မခံရင် မိသားစုတိကို ရိုက်မယ်နှက်မယ်ပြောထားပါတယ်။ နောက်ထပ်တခြားရွာတွေကလည်း စစ်မှုထမ်းဖို့ ဖမ်းတယ်လို့ကြားနေ၇ပေမယ့် အတည်ပြုလို့ မ၇သေးပါဘူး"ဟု ပြောသည်။

၇ခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေးအ၇ မည်သည့်ပြဿနာမှမရှိဘဲ သဟဇာတဖြစ်အောင်နေထိုင်လိုသော်လည်း စစ်ကောင်စီက ၇ခိုင် နှင့် မွတ်ဆလင်အကြား ပြဿနာဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

"စစ်မှုထမ်းဥပဒေက နိုင်ငံသားဖြစ်မှုနဲ့သက်ဆိုင်ပါတယ်။ ကျနော်တို့ကို နိုင်ငံသားမဟုတ်ဘူးဆိုပြီး ဘေးဖယ်ထားခဲ့တယ်။ တစ်ဖက်က နိုင်ငံသားပုံစံမျိုးလည်း အသုံးချနေတယ်။ လုပ်ချင်သလိုလုပ်တယ်ဆိုတဲ့ သဘောပေါ့။ ကျနော်တို့အတွက် လက်မခံနိုင်စရာပါ။ အခုလို ဖမ်းခေါ်တယ်။ စစ်တိုက်ခိုင်းတယ်။ ဘာလို့လဲဆိုရင် အခုက တပ်တော်နဲ့ စစ်ဖြစ်နေတော့ ၇ခိုင်နဲ့ စစ်တိုက်ခိုင်းတယ်။ ရက္ခိုင့်တပ်တော်က အခုအချိန်မှာ ပြည်တွင်းမှာ လူထုထောက်ခံမှုအများဆုံးရရှိထားတဲ့ အဖွဲ့အစည်း တစ်ခု အခုလို အဖွဲ့အစည်းနဲ့ ရန်တိုက်ပေးတယ်ဆိုတာကကျတော့ ကျနော်တို့ကို ချောက်ထဲကို ကန်ချတဲ့ပုံစံမျိုးခံစား၇ပါတယ်"ဟု ပြောသည်။



စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းရှိ ဓားပိုင်၊ ဘောဒူဘစသည့် မွတ်ဆလင်ကယ်ဆယ်ရေးစခန်းများအပြင် မွတ်ဆလင်ကျေးရွာများတွင် စစ်မှုထမ်းရန် ဖိအားပေးစေခိုင်းမှု၊ အတင်းအဓမ္မဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး စစ်သင်တန်း တက်ရောက်နေသည့်မွတ်ဆလင် ဦးရေ အနည်းဆုံး ၆၀၀ ကျော်ခန့်ရှိနိုင်သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းမှ သိ၇သည်။

စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်းမှ ရက်တိုစစ်သင်တန်းပေးထားသည့် မွတ်ဆလင်များအား ၇သေ့တောင်မြို့သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုမှုများရှိခဲ့ပြီး များမကြာမီ ၇သေ့တောင်အခြေစိုက် ခမ၇ (၅၃၆) (၅၃၇) (၅၃၈) တပ်ရင်းတို့အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့်အတူ စစ်ဝတ်စုံဝတ်ထားသည့် မွတ်ဆလင်များ၏ အလောင်းများကိုပါ တွေ့ရှိခဲ့၇ကြောင်း မတ်လ ၂၀ ရက်တွင် AA က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်လည်း ရာနှင့်ချီသည့် မွတ်ဆလင် လူငယ်၊ လူလတ်ပိုင်းအရွယ်များကို စစ်မှုထမ်းထမ်းရန် ဖမ်းဆီးမှုများရှိနေသည်ဟု သိ၇သည်။

 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.