ဗုဒ္ဓဟူး၊ မေလ ၂၉ရက်၊ ၂၀၂၄

အမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအသေဆုံးများပြားပြီး ကျန်တပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

(စစ်ကြောင်းအင်အား ၁၅၀ ခန့်တွင် ၈၀ ခန့်မှာသေဆုံးမှုရှိခဲ့ဟုဆို )

စိုးစံအောင် ၊ နိရဥ္စရာ၊ ၂၈ / ၂၀၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့နှင့် တစ်မိုင်ခွဲအကွာ ပြောင်သေရွာအနီး ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေဆုံးများပြားပြီး တပ်ဆုတ်ထွက်ပြေးခဲ့ရကြောင်း အမ်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

မတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် ပြောင်သေကျေးရွာအနီးရှိ နတ်တောင်ကို စစ်ကောင်စီက စစ်အင်အား ၁၅၀ ခန့်လောက်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီးနောက် မတ်လ ၂၅ ရက်တွင် ရက္ခိုင့်တပ်တော်နှင့် နှစ်ဘက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်ကလေယာဥ်များနှင့် တပ်ရင်းများမှလက်နက်ကြီးများပစ်ကူခဲ့သော်လည်း စစ်ကြောင်းအင်အား ၁၅၀ ခန့်တွင် ၈၀ ခန့်မှာသေဆုံးမှုရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ တပ်ဆုတ် ထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း အမ်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

" ၂၅ ရက်နေ့ တိုက်ပွဲကတော်တော်လေးပြင်းတယ်။စစ်တပ်က ၁၅၀ လောက်မှာအနည်းဆုံး ၈၀ လောက်က သေသွားတယ်။ ပြီးတာနဲ့ကျန်တဲ့သူတို့(စစ်ကောင်စီတပ်) လုံးရွာဘက်ကို ပြန်ဆုတ်သွားတယ်" ဟု ပြောသည်။

မတ်လ ၂၅ ရက်ညပိုင်းကပင် စစ်ကောင်စီအင်အား ၆၀ ဝန်းကျင်မှာ လုံးကျေးရွာဘက်သို့ တပ်ဆုတ်သွားခြင်းဖြစ်ပြီး လုံးကျေးရွာသားများကို ရွာမှမောင်းထုတ်ကာ ကျေးရွာအတွင်း တပ်စွဲနေကြောင်း သူကဆက်ပြောသည်။

" လုံးကျေးရွာက လူပေါင်းနှစ်ရာကျော်ရှိတယ်။အဲဒီရွာသားတွေကို စစ်တပ်က မောင်းထုတ် လိုက်တယ်။ ပြီးတော့ရွာထဲမှာ တပ်စွဲနေကြတယ်" ဟု ပြောသည်။

လက်ရှိလုံးကျေးရွာသို့ စစ်တပ်ကအင်အားထပ်ဖြည့်ထားပြီး စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိနိုင်ကြောင်း အမ်းမြို့နယ်မှစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့မနက် ၉ နာရီဝန်းကျင်ကလည်း လုံးကျေးရွာထဲကျန်ရှိနေသည့် ရွာသားသုံးဦးကိုလည်း စစ်တပ်ကဖမ်းဆီးထားကြောင်း သိရှိရသည်။

ယခုတိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိသေးသလို ရက္ခိုင့်တပ်တော်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ