Preview

မကွေးတိုင်းအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွား

မတ် ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :2444
ရခိုင် သတင်း

(စစ်ကောင်စီဘက်က ၁၀ ဦးကျဆုံးပြီး ၁၈ ဦးဒဏ်ရာ၇ဟုထုတ်ပြန်ချက်တွင် ဖော်ပြ)

ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ မတ် ၂၈/ ၂၀၂၄

ရက္ခိုင့်တပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့သည်မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ကာ ၁၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ယမန်နေ့ကသတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်အထဲတွင် တိုက်ပွဲများသည် မတ်လ ၂၆  ရက်နေ့တွင် မကွေးတိုင်း၊ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီးတွင်လည်းကောင်း၊ မတ်လ ၂၈ ရက်က မကွေးတိုင်း ငဖဲမြို့နယ်၊ ချောင်းဖျားရွာ အနီးတွင်လည်းကောင်းတိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင်“၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၈  မိနစ်အချိန်တွင်မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ(၁၅၀၀) ခန့်အကွာ၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၄၀ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်”ဟု ဖော်ပြသည်။

၎င်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှ မျက်မြင် ၄  ဦး ကျဆုံးခဲ့ပြီး (၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

အလားတူ  ၂၀၂၄ခုနှစ်၊ မတ်လ ၂၈ ရက်၊ နံနက် ၈ နာရီ ၅၈မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ(၇၀၀) ခန့်အကွာတောင်ကြော၌ရန်သူ အင်အား ၅၀ဦးခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ မျက်မြင် ၆ ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့် ရှိခဲ့သည်ဟု ဖော်ပြထားသည်။ 

၎င်းတိုက်ပွဲအတွင်းရန်သူ့လက်နက်နှင့်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်း၇မိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.