သဥ္ဇာနွယ်၊နိရဉ္စရာ၊ မတ် ၂၉/ ၂၀၂၄
ရခိုင်ပြည်၊ဘူးသီးတောင်မြို့တွ
ဘူးသီးတောင်မြို့ရှိ စစ်တပ်မိသားစုများကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့နံနက်ပိုင်းကနေ ဘူးသီးတောင်-မောင်တော ကားလမ်း အတိုင်း စစ်ကား( ၁၇ )စီးဖြင့်မောင်တော ကညင်ချောင်း ဆိပ်ကမ်းသို့ ပိုဆောင်နေ
“ ဘူးသီးတောင်ကနေ လာတဲ့ စစ်တပ် မိသားစုတင်တဲ့ ကားတွေ အများကြီ
၄င်းတို့ကို ယမန်နေ့ မတ်လ ၂၈ ရက်နေ့က မောင်တောကညင်ချောင်းဆိပ်ကမ်းမှဇက်နေဗီပေါ်သို့ စက်လှေများဖြင့် ပို့ဆောင်ခဲ့သည်ဟု မောင်တော ဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။
“ စစ်တွေလား၊ သံတွဲလား မပြောတတ်ဘူး။ ရန်ကုန်လား။ ဘယ်ကို ယူသွားတာလည်းတော့ မသိဘူး။ တပ်မိသားစု ပြောင်းရွှေ့တာတော့မှန်ပါတယ်။ ဇက်နေဗီတွေနဲ့တော့တင်သွားတာပဲ တွေ့
ဘူးသီးတောင်တွင် စကခ ၁၅ ဌာနချုပ်အခြေစိုက်ပြီး လက်အောက်ခံ ခမ၇ ၃၄၅၊ ခမ၇ ၃၅၂၊ ခမ၇ ၃၅၃၊ ခမ၇ ၅၃၅၊ ခမ၇ ၅၅၁၊ ခမ၇ ၅၆၄၊ ၅၆၅၊ ခမ၇ ၅၅၂ တို့အပြင် ဘူးသီတောင်၌ နပခ လက်အောက်ခံ ခလ၇ ၂၃၃၊ ခလ၇ ၂၃၄၊ ခလ၇ ၂၆၃ တို့အခြေစိုက်ထားသည်ဟု သိ၇သည်။
ဘူးသီးတောင်တွင် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်ကဝင်ရောက် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများပြင်းထန်လျက်ရှိပြီ
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက် နေ့က ဘူးသီးတောင်မြို့ရှိစစ်တပ် ဝန်ထမ်း မိသားစုများနှင့် ရဲဝန်ထမ်းမိသားစုတချို့ ကို စစ်ရဟတ်ယာဥ်များဖြင့် စစ်တွေမြို့ကို ရွှေ့ပြောင်း ထားပြီဟုဘူးသီးတောင်မြို့ခံများက ပြောသည်
ကျောက်ဖြူမြို့နယ်မှစစ်တပ်မိသားစုဝင်များကို လည်း ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ကာ ကုန်တင် သင်္ဘောဖြင့်ရွှေ့ပြောင်းခဲ့ကြောင်း သိ၇သည်။
အလားတူတိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်၍ စစ်တွေမြို့မှ စစ်ကောင်စီအရာရှိများ၏ မိသားစုများ၊ ဌာနဆိုင်ရာအရာရှိများ၏ မိသားစုများကို ရန်ကုန်သို့ ပို့ဆောင်ထားကြသလို ဌာနဆိုင်ရာကားများ အပါအဝင်ပုဂ္ဂလိကပိုင် အိမ်စီးကားများကို ဇန်နဝါရီနောက်ဆုံးအပတ်က ရန်ကုန်သို့ ကုန်တင်သင်္ဘောကြီးဖြင့် ရွှေပြောင်း ပို့ဆောင်ထားကြောင်းမြို့ခံများ