တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် မင်းပြား နှင့် မြေပုံမြို့ကို စစ်ကောင်စီ ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

( ဆရာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ၊ အိမ် လုံးထိခိုက်)

အေးမြတ်ခိုင်/ိရဉ္စရာ၊ မတ်လ ၃၀/၂၀၂၄

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် မင်းပြားနှင့် မြေပုံမြို့နယ်များရှိ လူနေကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

မင်းပြားမြို့နယ်၊ သေကန်‌ေကျးရွာကို ယမန်နေ့ မတ်လ ၂၉ ရက်၊ ၁၁ နာရီမှ စပြီး ၁၀ မိနစ်ကြာ ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီတပ်က ကြိမ် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သေကန်ဒေသခံများက ပြောသည်။

ယင်းသို့ ဗုံးကြဲသည့်အတွက် ကျည်စထိမှန်က သေကန်ရွာ ဆရာတော် နှင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိပြီး ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် လုံး ပျက်စီးသွားကြောင်း သေကန်ရွာမှ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။



"အလကားနေ စိတ်ရှိချိန် လာကြဲနေသလို ဖြစ်နေပြီ။ မနေ့ကတော့ ကြိမ် ဂျက်နဲ့လာပစ်ခဲ့ပါတယ်။ လုံး ကြဲချတာ။ရွာဘုန်းကြီးကျောင်းနဲ့ အိမ်တွေမှာ ကျပြီး ပျက်စီးတယ်။ မီးလောင်တယ်။ ဆရာတော်မှာ မှန်စထိပြီး ဒဏ်ရာရပါတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာတော့မဟုတ်ပါဘူး။ နောက်ထပ် ဦးလေးကြီး တစ်ယောက်မှာလည်း ခြေထောက်မှာ နည်းနည်း ဒဏ်ရာရပါတယ်။ အိမ်က‌တော့ လုံး ပျက်စီးသွားတယ်" ဟု ပြောသည်။

သေကန်ကျေးရွာကို ယခုတစ်ကြိမ် ဗုံးကြိမ်မှုသည် ၄ ကြိမ်မြောက်ဖြစ်ပြီး လေကြောင်း ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း နှင့် နေအိမ်ပေါင်း အနည်းဆုံး ၃၀ ကျော်ပျက်စီးခဲ့ရကြောင်း ‌ကျေးရွာသားများက ပြောသည်။

ယင်းအပြင် ယနေ့ မတ်လ ၃၀ ရက် နံနက်အစောကြီးအချိန်တွင် မြေပုံမြို့နယ်၊ စညှင်းကုန်း ကျေးရွာကိုလည်း ဂျက်ဖိုက်တစ်စီ ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲခဲ့သည်။ အပျက်အစီး အထိအခိုက်ကို မသိရှိရသေးပါ။

ဆက်စပ် သတင်းများ