သဉ္စာနွယ်၊ နိရဥ္စရာ၊ မတ် ၃၁/ ၂၀၂၄
လက်ရှိ ရခိုင်ပြည်တောင်ဘက်ပိုင်း ဒေသများတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားမှု မရှိသေးသော်လည်း လက်နက်ကြီးပစ်ခတ်သံများ၊ အမြောက်သံများ၊ လေယာဉ်ဖြင့်ဗုံးကြဲသံများကို စတင် ကြားလာ၇ပြီဟု ဒေသခံများက ပြောကြားသည်။
သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အစပ် ဒေါ်မြရွာသစ်အနီးရှိ တောင်တန်းများကို ယမန်နေ့က စစ်ကောင်စီနေဗီပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို လွန်ခဲ့သည့်တစ်ရက်နှစ်ရက်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးလာကြဲခဲ့သည်ဟု ထီးတူးကြိုးကျေးရွာမှ အမျိုးသမီးတစ်ဦးကနိရဥ္စရာသတင်းဌာနကို ပြောသည်။
“ စစ်နေဗီပေါ်မှ မနေ့က နေ့လယ် ၁၂ နာရီကျော်လောက်မှာပစ်တာ။ဒေါ်မြရွာသစ် ရွာနီးချုပ်စပ်ကို လက်နက်ကြီးနဲ့ပစ်ပါတယ်။ လက်နက်ကြီး ကျည်တွေ ရွာအနီးမှာ ကျပါတယ်။ ရွာသားတွေက ကြောက်ပြီး ပုန်းနေ၇ပါတယ်” ဟု ၎င်းအမျိုးသမီးကပြောသည်။
ယခု လက်နက်ကြီးပစ်ခတ်ခံရသည့် ဒေါ်မြရွာသစ်သည် သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ တစ်မိုင်ခွဲခန့် အကွာတွင် တည်ရှိပြီး ထီးတူးကြိုးကြော (ခေါ်)ဒေသအခေါ် ချင်းစု အနီးရှိ တောင်တန်းများကို ပစ်ခတ်ခြင်းဖြစ်ကြောင်း သိ၇သည်။
၎င်းပစ်ခတ်မှုကို တောင်ကုတ်မြို့နယ်၊ ဆင်ခေါင်းပင်လယ်၀ (သို့မဟုတ်) ခမောင်းတုန်းအနီး ပင်လယ်၀၌ ရပ်ထားသည့် စစ်ကောင်စီနေဗီမှ ပစ်သည်ဟု ထင်၇ကြောင်း သူမကပြောသည်။
“ ဆင်ခေါင်းပင်လယ်၀မှာ နေဗီရှိတယ်လို့ကြားပါတယ်။အဲဒီကနေ လက်နက်ကျည် အလုံး ၂၀ နီးပါးပစ်ခဲ့တယ်။ ဘာတိုက်ပွဲမှလည်းမရှိဘူး။ ရွာအနီးနားတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တယ်။ ထိခိုက် ပျက်စီးတာတွေတော့ မရှိသေးပါဘူး။ တောင်တွေကို အဓိက လှမ်းပစ်ပုံ၇ပါတယ် ” ဟုပြောသည်။
ယခုကဲ့သို့ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အနီးအနားရှိ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြ၇သည်ဟု နောက်ထပ်တစ်ဦးက ပြောဆိုသည်။
“အရင် တစ်ရက်နှစ်ရက်ကလည်း တိုက်ပွဲမဖြစ်ပဲ ဗုံးလာကြဲတာတွေရှိခဲ့တယ်။ အခုလည်း တိုက်ပွဲမရှိဘဲ နေဗီကနေပစ်တယ်။ လက်နက်ပစ်ခတ်တာတွေ ဗုံးကြဲတာတွေမကြာမကြာရှိနေလို့ ရွာသားတွေလည်း ရှောင်တိမ်းနေ၇ပါတယ် “ဟုပြောသည်။
သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အစပ်ဒေသများတွင် ရက္ခိုင့်တပ်တော်မှ လှုပ်ရှားမှုများ ရှိနေသည်ဟု သံသယဖြစ်ကာ ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု တောင်ကုတ်မြို့မှ လူမှုရေးဆောင်ရွက်နေသူ လူငယ်တစ်ဦးကပြောသည်။
“ မနေ့က ပစ်ခတ်တာက ဒေါ်မြရွာသစ်အနီးက ထီးထူးကြောလို့လည်း ခေါ်တယ်။ ဒေသခံတွေက ချင်းစုလို့လည်းခေါ်ပါတယ်။ အဲဒီနေရာတွေကို နေဗီကနေ ပစ်တယ်လို့ သိရပါတယ်။ အဲဒီနေရာတွေမှာ အေအေတပ်ဖွဲ့တွေရှိတယ်ထင်ပြီး ပစ်ပုံ၇ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း တောင်ကုတ်မြို့နှင့် သံတွဲမြို့ကားလမ်းကြားရှိသံတွဲ
(ဓာတ်ပုံ- ပုံဟောင်းသာ)