Preview

အမ်းအခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ကို ရက္ခိုင့်တပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်

ဧပြီ ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :3690
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဧပြီ ၁/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးရှိ စစ်မြေပြင် အင်ဂျင်နီယာ(G.E) တပ်ကိုရက္ခိုင့်တပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

အမ်းမြို့ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် (G.E)တပ်နှင့် ရက္ခိုင့်တပ်တော်( AA)တို့ ယမန်နေ့ မတ်လ ၃၁ရက်နေ့ ညနေ ၅နာရီခွဲမှ စတင်၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု အမ်းမြို့ခံတစ်ဦးကနိရဥ္စရာသတင်းဌာနကို ပြောသည်။

“  မနေ့ကညနေ ၅ နာရီခွဲကနေ ( G.E)တပ်နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ တောင်တန်းတွေမှာဖြစ်နေတာ။ အဲ့ဒီတပ်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ကပ်နေပြီ။ ထောက်ပို့တပ်ရဲ့ အနောက်ဖက်မှာရှိတာပါ။အပြန်အလှန် ပစ်ခတ်နေကြတာ တစ်ညလုံးလည်း တိုက်ပွဲပြင်းတယ်။ ဒီနေ့ မနက်၁၁နာရီအထိပစ်ခတ်နေတုန်းပါပဲ” ဟုပြောသည်။

အမ်းတွင် ယနေ့ဧပြီလ ၁ ရက်နေ့နှင့် ဆိုလျှင် စစ်ကောင်စီမှ လေယာဉ်များ၊ စစ်ရေယာဉ်များဖြင့် ပစ်ကူတိုက်ခိုက်နေသည်မှာ၃ ရက်ဆက်တိုက်ရှိနေပြီဟု သိ၇သည်။

“  စစ်ကောင်စီရေကြောင်း၊ လေကြောင်းနဲ့ ကုန်းကြောင်းကနေပစ်ခတ်နေတာ ၃ ရက်လောက်ရှိနေပါပြီ။ ကမ်းထောင်းကြီးမြို့ကို ပစ်လိုက်၊ကဇုကိုင်းဖက်ကပစ်လိုက်၊ ဒါးလက်ဖက်ကိုပစ်လိုက်နဲ့ ။ တောက်လျှောက် လူနေတဲ့ ရွာတွေကို ပစ်နေတာ။အဲ့ဒါကြောင်း ရက္ခိုင့်တပ်တော်က ပြန်ပြီး စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်တာထင်တယ်” ဟုပြောသည်။

မြေပုံမြို့နယ်ရှိ နောင်တော်ကြီးနှင့် နောင်တော်ငယ် ပင်လယ်လယ်ဘက်ကလည်း နေဗီမှ လက်နက်ကြီးများဖြင့်  ပစ်ခတ်ခဲ့ပြီး အမ်းတစ်မိုင်ကုန်း၊ခမ၇-၃၇၁၊ လက်နက်ကြီးတပ်၊ တိုင်းဌာနချုပ်၊ ကဇုကိုင်း တောဟိန်း တောင်ဗျူဟာ အပြင်ဂျက်တိုက်လေယာဥ်၊ MI-35 ဖြင့်လည်း လက်နက်ကြီးကျည်များ နေ့စဥ်ရက်ဆက် ပစ်ခတ်လျက်ရှိသည်ဟုအမ်းဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် (G.E)တပ်သည် ထောက်ပို့တပ်၊ ခမ၇ (၃၇၂)နှင့် ဆက်သွယ်ရေးတပ် အနီးတွင်တည်ရှိကြောင်းဒေသခံများကပြောသည်။

အမ်းအခြေစိုက် ခမ၇ (၃၇၂)နှင့် ထောက်ပို့တပ်ရှိမိသားစုဝင်များအားလုံးသည်မတ်လ ၂၇ ရက်နေ့က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့တပ်ဆုတ်ပြီး ပူးပေါင်းသွားခဲ့ကြောင်းသိ၇သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးသို့ တိုက်ပွဲပြင်းထန်လာသဖြင့် မြို့ ပေါ်က ပြည်သူတချို့နှင့်အနီးတဝိုက်မှ ကျေးရွာများတချို့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိ၇သည်။

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.