Preview

ကျောက်ဖြူတွင် ကျောင်းသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦး အပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

ဧပြီ ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :2682
ရခိုင် သတင်း

(ကျောက်ဖြူတွင် လူတစ်ဦးမြို့ပြင်ထွက်သွားလာခ ကျပ်တစ်သိန်းထိမြင့်တက်)

အေးမြတ်ခိုင်၊နိရဥ္စရာ၊ ဧပြီ ၁၊ ၂၀၂၄

၇ခိုင်ပြည်၊ကျောက်ဖြူမြို့တွင် ကျောင်းသားတစ်ဦးနှင့် အမျိုးသမီး လေးဦးအပါအဝင်ဒေသခံ၅ ဦးကို စစ်ကောင်စီမှ မတ်လ ၃၀ ရက် နေ့၌ ဖမ်းဆီးထားကြောင်းသိ၇သည်။

ဖမ်းဆီးခံ၇သူများမှာဒေါ်ဝေဝေ၊ ဒေါ်သိန်းအောင်စိန်၊ ဦးညီပု၊ ဇနီးဒေါ်အောင်ဖြူ နှင့် သား(ကျောင်းသား၊အမည်မသိ)တို့ ဖြစ်ကြသည်။

၄င်းတို့သည် မတ်လ ၃၀ရက်နေ့ ည ၁၁ ခွဲအချိန်တွင် ကညင်တော စာသင်ကျောင်းအနီးတွင် ဖမ်းဆီးခံ၇ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"အဖမ်းခံရတာကဒီလို။ သူတို့ ဈေးသက်သာတဲ့ လမ်းကြောင်းနဲ့ မြို့ကနေ အပြင်ကို ထွက်ကြတယ်တဲ့။ သူ့လမ်းကြောင်းနဲ့ သူ စစ်သားတွေကိုပိုက်ဆံပေးပြီးထွက်ရတာ။ လူတွေလည်း ခက်ခဲနေကြပြီလေ။ အဲ့ဒီတော့သက်သာတဲ့လမ်းကြောင်းနဲ့ ထွက်တော့ အဖမ်းခံရတာ။သူတို့ကို ငွေပေးထားတဲ့ လမ်းကြောင်းဆိုရင်တောင် ခိုးထွက်ရတာမျိုး၊ငွေမပေးထားရင် ဖမ်းတာပဲ။ အခု သူတို့ကို အချုပ်ကို ပို့ထားတယ်လို့သိ၇တယ်"ဟု ပြောသည်။

ကျောက်ဖြူမြို့မှဒေသခံများသည်သွားလာခွင့်ရရှိရန် လူတစ်ဦးကို ၆ သောင်းမှ ၁ သိန်းအထိ စစ်ကောင်စီတပ်သားများကို ပေးရသည့်အတွက်အခက်အခဲဖြစ်နေကြ၇ကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။

"ကျောက်ဖြူမြို့ပတ်ပတ်လည်မှာကတုတ်ကျင်းတွေနဲ့ စစ်သားတွေရှိတယ်။ အရင်က နည်းနည်း သက်သာတယ်။ အခုကတော့  လမ်းကြောင်းအပေါ်မူတည်ပြီး ဈေးတွေတက်ကုန်ပြီ။ကျောက်တလုံးဂိတ်က ပိုဆိုးတယ်။နယ်ဘက်ကို သွားမယ်ဆိုရင် ၇ သောင်းကနေ ၉ သောင်းအထိ ဈေးတက်တယ်။အခုတော့ တစ်သိန်းအထိ ဖြစ်သွားပြီ။ ဒီလိုပဲ သွားလာနေ၇တာ၃ လကျော်ပြီ။ ဈေးသည်မတွေဆိုရင်လည်းခရမ်းသီး နည်းနည်းရောင်းဖို့အတွက် ပေးရတာကအများကြီးဆိုတော့ သက်သာတာ၊မပေးရတာကို ရှာပြီးလာကြတယ်။ မပေးလိုက်ရပဲ လွတ်သွားတာမျိုးဆိုရင်ဈေးကိုရောက်နေပြီးမှ လာဖမ်းပြီး ဈေးသည်မတွေကိုငွေညှစ်တာတွေရှိတယ်။ စစ်သားတွေ ၊ ရဲတွေ တစ်ရက်တစ်ရက်ကို ကျောက်ဖြူကနေ သူတို့ မိသားစုတွေကို ငွေလွှဲတာ တစ်နေ့ တစ်နေ့ကို ကျပ် သိန်း ၄၀ လွှဲ၊ ၅၀လွှဲ တာတွေ မြင်နေ၇ပါတယ်" ဟု အဆိုပါ မြို့ခံက ပြောသည်။

ကျောက်ဖြူမြို့တွင်စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများ ပြင်းပြင်းထန်ထန်လုပ်ဆောင်လာသည့် အတွက်စစ်ဖြစ်မည်ကို စိုးရိမ်၍ မြို့ခံ ၅၀ ရာခိုင်နှုန်းခန့်မှာ ဘေးလွတ်ရာနေရာများသို့ငွေကြေး အမြောက်အများအကုန်အကျခံကာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိ၇သည်။

 စစ်ကောင်စီတပ်သည်၇ခိုင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွါးသည့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလကတည်းက ကုန်းလမ်း၊ ရေလမ်း အားလုံးကို ဖြတ်တောက်ထားခဲ့သည်။

ယင်းသို့သွားလာခွင့်ပိတ်ပင်ထားကာ လာဘ်ပေးလာဘ်ယူစနစ်ဖြင့် သွားလာခွင့် တချို့ပေးထားသော်လည်း အလျဥ်းသင့်သလို ဒေသခံများအား ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.