သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဖျာပုံထောင်အတွင်း ပစ်ခတ်မှုဖြစ်၍ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄၈ ဦးထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 466

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၂/ ၂ဝ၂

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်အတွင်းတွင် မတ် ၃၁ ရက် ညနေပိုင်းက  ပစ်ခတ်မှုဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၄၈ ဦးမှာဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ မတ်လ ၃၁ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထောင်တွင်းငြိမ်းချမ်းစွာ ဆန္ဒပြမှုပြုလုပ်နေသည့် အချိန်တွင် ရဲနှင့် စစ်တပ်တို့က အင်အားသုံး ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM)၏ အရေးပေါ် အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖျာပုံထောင်အတွင်းပစ်ခတ်မှုအတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူ ၄၈ ဦးမှာ ရိုက်နှက်စစ်ဆေးမေးမြန်းမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိထားကြောင်း သတင်းဌာနများတွင်  ရေးသားဖော်ပြကြသည်။

မတ်လ၃၁ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်း၊ဖျာပုံမြို့က ဖျာပုံအကျဉ်းထောင်တွင်း  နိုင်ငံရေး အကျဉ်းသားများနှင့် တခြားရာဇဝတ် အကျဉ်းသားများ ပေါင်းပြီးထောင်ဆူသည်ဆိုသော အကြောင်းပြချက်နှင့် အကျဉ်းဦးစီးဘက်က စစ်တပ်နှင့် ရဲခေါ်ပြီးပစ်ခတ်ဖြိုးခွင်းခဲ့မှုနှင့် ရိုက်နှက်စစ်ဆေးမှုများကြောင့် အကျဉ်းသား ၄၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ၏  ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မီဒီယာများ ကိုပြောဆိုထားသည်။

PPNM ၏ အရေးပေါ် ထုတ်ပြန်ချက်တွင် “ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ဖျာပုံထောင်အတွင်း ပစ်ခတ်သံကြားရပြီးနောက် အကျဉ်းထောင်အတွင်း စစ်ကားများ ဝင်သွားကြောင်းသိရသည်

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM)၏ အရေးပေါ် အသိပေး ထုတ်ပြန်ချက်တွင်  ပစ်ခတ်ဖြိုခွင်းမှုအတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြား အကျဉ်းသားစုစုပေါင်း ၁၇ ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်းကနဦးသိရှိရသည်” ဟု ကနဦး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့မနက် ဧပြီ ၁ ရက်နေ့တွင် အကျဉ်းသား၊အကျဉ်းသူများအတွက်ပို့သည့် ပါဆယ်များ လက်ခံခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်ဟုလည်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ PPNM နှင့် ဖျာပုံမြို့အကျဉ်းဦးစီးဌာနတို့အား နိရဉ္စရာမှ ဆက်သွယ်ရန် ကြိုးစားခဲ့ပေမယ့် ဆက်သွယ်မှုမရရှိသေးပါ။

၂ဝ၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုစတင်သည့်နေ့မှ ယမန်နေ့ ဧပြီလ ၁ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၂၆,၄၆၂ ဦးဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံထားရစဉ် သတ်ဖြတ်ခံရသူ စုစုပေါင်း ၁,၆၉၉ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းအရသိရသည်။

Photo credit - PPNM

 

ဆက်စပ် သတင်းများ