ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စစ်ကောင်စီက ညအချိန်ရှောင်တခွင်ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 506

သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နေအိမ်များသို့ ညအချိန်ရှောင်တခွင် ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးနေကြောင်းသိရသည်။

တောင်ကုတ်မြို့‌ ပေါ်ရှိ ရပ်ကွက်များကို မတ်လ ၈ ရက်နေ့ခန့်မှစပြီး လမ်းသွားလမ်းလာများအား စစ်ဆေးခြင်း၊ ညအချိန်များ၌ နေအိမ်များသို့ လက်နက်ကိုင် စစ်‌သား၊ရဲ၊ လဝကနှင့် မီးသတ် ပူးပေါင်း အဖွဲ့များဝင်ရောက်စစ်ဆေးပြီး ဧည့်စာရင်းစစ်သည်ဟုဆိုကာ နေအိမ်တချို့ကို ဝင်ရောက်စစ်ဆေးနေကြောင်း တောင်ကုတ်မြို့ဒေသခံများက နိရဉ္စရာအားပြောသည်။

တောင်ကုတ်မြို့မှ အမျိုးသမီးတစ်ဦးက "ဧည့်စာရင်းလာစစ်ရင် အိမ်မှာ ယောက်ျားတွေက အလုပ်သွားတာ။ ငါးရှာ၊ဖားရှာထွက်တာရှိတယ်။ စစ်လားဆေးလားလုပ်ပြီး အော်ဟစ်ဆဲဆိုတာတွေလုပ်တယ်။ ယောင်္ကျားသားမရှိနေတဲ့အိမ်တွေမှာဆိုရင် အမျိုးသမီးတွေအတော်စိုးရိမ်နေကြတယ်" ဟုပြောသည်။

နောက်ထပ်တောင်ကုတ်မြို့မှ လူမှုရေးလုပ်ကိုင်နေသူတစ်ဦးကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်းပြောသည်။

" အယောက် ၂၀လောက်ရှိတယ်။ စစ်ကားတစ်စီးပါတယ်။ လဝက၊ရဲ၊မီးသတ်တွေက ဆိုင်ကယ်နဲ့ ။ စရဖသတင်းရတဲ့အတိုင်း စစ်နေကြတာလို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့လူတွေဆီက ကြားနေရတယ်။ အိမ်တိုင်းကိုတော့မစစ်ဘူး။ သူတို့သတင်းရတဲ့အိမ်လိုက်စစ်နေတာ" ဟုပြောသည်။

တောင်ကုတ်မြို့ပေါ်ရှိ သိမ်တောင် ၊ချောင်းကောက်၊ဂူတာ၊ကံပိုင်ရပ်ကွက်နှင့် ကိုင်းရှည်ရပ်ကွက်တို့တွင် အဆိုပါ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးနေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ