Preview
Preview

AA နှင့် ပူးပေါင်းပြီး ရခိုင်တွင်တိုက်ပွဲဝင်နေရာ အောင်မြင်မှုများရရှိနေကြောင်း ယောကာကွယ်ရေးတပ် သတင်းထုတ်ပြန်

ဧပြီ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :9965
ရခိုင် သတင်း

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၂ / ၂၀၂၄

ယောကာကွယ်ရေးတပ် (YDF) သည် ရက္ခိုင်တပ်တော်(AA) နှင့်ပူးပေါင်းပြီး ရခိုင်တွင်တိုက်ပွဲဝင်နေရာ အောင်မြင်မှုများ ရရှိနေကြောင်း ဧပြီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် “ ယောကာကွယ်ရေးတပ် (YDF) ၏ ရက္ခိုင်ပြည်၊ ကျောက်တော် မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမ၇ (၃၇၄)၊ ခမ၇ (၃၇၅) ၊ ခမ၇ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့အား ရက္ခိုင်တပ်တော်(AA) နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အပြီးသိမ်းယူနိုင်ခဲ့သော အောင်မြင်မှုများ”ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

ရက္ခိုင်တပ်တော်(AA) သည် ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းများကို ဇန်နဝါရီလအတွင်းက အပြီးသိမ်းယူနိုင်ခဲ့ပြီး ထိုတိုက်ပွဲများတွင်  ယောကာကွယ်ရေးတပ် (YDF)လည်း ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိ၇သည်။


၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်က ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းအား မဟာမိတ်များနှင့်အတူ ယောကာကွယ်ရေးတပ် - YDF က စစ်ရေး အတွေ့အကြုံ ယူရင်း ရဲရင့်တက်ကြွစွာ ပူးပေါင်း ပါဝင်တိုက်ပွဲဆင်နွှဲခဲ့ကြကြောင်းလည်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ (၁၂) ရက်နေ့တွင် YDF က ထုတ်ပြန်ထားသည်။

ဤကဲ့သို့ စစ်ရေးအတွေ့အကြုံနှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော်ကို YDF က ကျေးဇူးများစွာတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်းသိမ်းတိုက်ပွဲသည် ကာလအားဖြင့် (၃) ပတ်ကြာမြင့်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့က ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့ရာတွင် ဗျူဟာကုန်း တစ်ခုလုံးအားသိမ်းပိုက်လိုက်သည့်အချိန်အထိ ယောကာကွယ်ရေးတပ်က တက်ကြွစွာပါဝင်ခဲ့ကြောင်းသိ၇သည်

ဓာတ်ပုံ- YDF

 

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.