ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

နေပြည်တော်ကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(ဒရုန်း ၇ စင်းကို  ဖျက်ဆီးနိုင်ခဲ့ဟုဆို)

 လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ / ၂၀၂၄

 

နေပြည်တော်အား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဧပြီ ရက်နေ့ မွန်းလွဲပိုင်းတွင် အတည်ပြုထုတ်ပြန်သည်။ သို့သော်  ဒရုန်း ၇ စင်းအား ပစ်ချဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ပျံသန်း ဝင်ရောက်လာသောဒရုန်းများအား ပစ်ချဟန့်တားခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။

 

၂၀၂၄ ခုနှစ်၊ ဧပြီလ ရက် ၁၀နာရီ ၃၀ နာရီတွင် နေပြည်တော်လေဆိပ်၏အရှေ့ဘက်မှ ဒရုန်း စင်းနှင့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း စင်း ပျံသန်းဝင်ရောက်လာမှုအား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ကြောင်းလည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှထုတ်ပြန်ထားသည်။

 

၎င်းဖြစ်စဉ်များ၌ လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။




 

ထိုသို့ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ လိမ်လည်ထုတ်ပြန်ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် သတင်းဌာနတချို့က ရေးသားပြီး သေဆုံးမှု တချို့ရှိခဲ့သည်ဟု ဆိုသည်။

 

နေပြည်တော် ၊စစ်ရုံးချုပ်၊ မင်းအောင်လှိုင်နေအိမ်နှင့် အေလာလေတပ်အား မောင်းသူမဲ့ လေယာဥ်ငယ်များ အသုံးပြုကာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Team နှင့်  Power of Ababil ( POA ) တပ်ဖွဲ့  တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် (၃၅၀၂)တပ်ခွဲ () Orion Drone Teamတို့မှ   တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့်  အဆိုပါတိုက်ခိုက်မှုအား ယနေ့ ဧပြီလ ၄ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KLOUD Team မှထုတ်ပြန်ထားသည်။

 

နေပြည်တော် စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့်  တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ဧပြီ ၄ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) စစ်ရုံးချုပ် မှလည်း သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal props  တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 

နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း (၁၆) စီး အေလာလေတပ်ကို (၁၃)စီးဖြင့် တိုက်ခိုက်ယနေ့ ဧပြီလ () ရက်နေ့ မနက်ခင်းတွင် တိုက်ခိုက်ခဲ့ကြောင်း PDF Insight မှလည်းထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့နှင့် KLOUD Team

ဆက်စပ် သတင်းများ