ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(အရပ်သား ၁ ဦးထက်မနည်းသေဆုံးပြီး အမျိုးသမီးများအပါအဝင် ဒဏ်ရာရရှိသူများရှိနေ)

 

အိမ်စိုးဖြူ၊နိရဉ္စရာ၊ ဧပြီ ၄/ ၂ဝ၂၄


ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ယနေ့ နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီမှ ဂျက်တိုက် လေယာဉ် နှစ်စီးဖြင့် လာရောက်ဗုံးကြဲ၍ အရပ်သားပြည်သူ ၁ ဦးထက်မနည်းသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့ခံတစ်ဦးက" ဂျက်နှစ်စီးနဲ့ ဗုံးလာကြဲတာပါ။ တံတားရင်းမှာတခုနဲ့ မြို့ထဲအဝင် ဘုရားနားမှာ တစ်ခုကျပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိရှိနေပါတယ်။ အခုထိလည်း ဂျက်လေယာဉ် ဝဲနေပါသေးတယ်" ဟု ညနေ ၅ နာရီခန့်က ြောသည်။

ကျောက်တော်မြို့အဝင် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လာရောက် ပစ်ခတ်နေခြင်းဖြစ်ကြောင်းကျောက်တော်မြို့ခံများပြောသည်။


သေဆုံးသူနှင့် ဒဏ်ရာရရှိသူများနှင့် ပတ်သက်၍ နိရဉ္စရာမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

ကျောက်တော်မြို့ဒေသခံများ စိုးရိမ်လျက်ရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ