လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၅ / ၂၀၂၄
ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်စဉ်၇ခိုင်ပြည် မင်းပြားမြို့နယ်၊ အမှတ် (၉) တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ထွက်ပြေးလာသည့် ရဲတပ်ကြပ်ကြီး ၁ ဦးအား အရှင်ဖမ်းဆီးရရှိခဲ့ပြီး၎င်းရဲတပ်ကြပ်အား ရက္ခိုင့်တပ်တော်သို့ အပ်နှံလိုက်ကြောင်း ကျောင်းသားလက်ရုံးတပ် (Student Armed Force) ဧပြီလ ၃ရက် နေ့တွင် ထုတ်ပြန်ထားသည်။
“မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး
မတ်လအတွင်း မင်းပြားမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့် တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ထွက်ပြေးလာသော ရဲတပ်ကြပ်ကြီးမျိုးဇော်ကို ကျောင်းသား လက်ရုံးတပ်တော် (SAF) က မကွေးတိုင်းနှင့် ၇ခိုင်ပြည်နယ် နယ်စပ် တစ်နေရာတွင် အရှင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
ဖမ်းဆီး၇မိသော ရဲတပ်ကြပ်ကြီး မျိုးဇော်သည် စစ်တွေမြို့ ရဲတပ်ရင်း ၃၆ မှ ဖြစ်ပြီး တိုင်းဗဟို ၉ တွင် အကြပ်ကြီး သင်တန်းတက်ရောက်နေခြင်းဖြစ်ကြော
ကျောင်းသားလက်ရုံးတပ်တော်အနေဖြ
၇ခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်၏ထိုးစစ်ဆင်တို
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းမှ စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးနေကြပြီး ထိုအထဲမှ တပ်သား ၆ ဦးကို မကွေးတိုင်း အခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်တပ်/ People's Revolution Alliance (PRA-Magway) တပ်ဖွဲ့က အရှင် ဖမ်းမိခဲ့သည်။
Revolution Alliance (PRA-Magway)တပ်ဖွဲ့မှ ဧပြီ၃ ရက်တွင် ထုတ်ပြန်ထားချက်အ၇ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမ၇(၃၄၆) လက်အောက်ခံတပ်ဖွဲ့ဝင် (၄) ဦးကို ဧပြီလ (၁) ရက်နေ့ တွင်လည်းကောင်း၊ တတက (၉) မှထွက်ပြေးလာသော ခလ၇ (၆၃) လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်(၂)ဦးကို မတ်လ၊ (၂) ရက်နေ့တွင်လည်းကောင်း ဖမ်းဆီး၇မိကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- Student Armed Force