Preview

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တွင် သေဆုံးနှင့်ဒဏ်ရာရရှိသည့်အရပ်သား ၆၄၇ အထိရှိလာ

ဧပြီ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :5831
ရခိုင် သတင်း

(စစ်ကောင်စီ၏မတရားဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထား၇သူ၄၇၁ဦးအထိရှိ)

အေးမြတ်ခိုင်/ နိရဥ္စရာ၊ဧပြီ၆/၂၀၂၄

 စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၇ခိုင်တွင်၂၀၂၃ခုနှစ်၊နိုဝင်ဘာလ၁၃ရက်မှယခုနှစ်မတ်လ၂၁ရက်အထိ၄လကျော်ကာလအတွင်းအရပ်သားသေဆုံးဒဏ်ရာရရှိသူစုစုပေါင်း၆၄ရဦးအထိရှိလာကြောင်း  ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ဧပြီလ၄ရက်နေ့တွင်ထုတ်ပြန်သည်။

 

ထို ၄ လကျော်ကာလအတွင်း သေဆုံးခဲ့၇သူမှာ  ၁၇၉ဦးရှိပြီးထိုအထဲတွင်  (အမျိုးသား၁၁၅ဦး၊အမျိုးသမီး၆၄ဦတို့ဖြစ်ကြသည်။

 

ထိခိုက်ဒဏ်ရာရရှိသူမှာ ၄၆၈ ဦးရှိပြီး  (အမျိုးသမီး၁၉၈ဦး၊အမျိုးသား၂၇၀ဦး)တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သေဆုံး ထိခိုက်ဒဏ်ရာရသူများမှာတိုက်ပွဲနှင့်မသက်ဆိုင်သည့်  အရပ်သားများနေထိုင်သောရပ်ကွက် ကျေးရွာများကို စစ်ကောင်စီမှပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု သိ၇သည်။  

 

ထို့အပြင်ရခိုင်တွင်စစ်ကောင်စီ၏မတရားဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထား၇သူ၄၇၁ဦးအထိရှိပြီးယင်းအထဲတွင်ကျား၄၂၄ဦးနှင့်မ၄၇ဦးပါဝင်ကြောင်းHDCO က ဖော်ပြထားသည်။

 

ယင်းအပြင်၂၀၁၈ခုနှစ်မှ၂၀၂၀ခုနှစ်အထိတိုက်ပွဲကာလအတွင်းစစ်ဘေးဒုက္ခသည်၆၂,၃၃၂ ဦးခန့်ရှိပြီးယခုတစ်ကျော့ပြန်တိုက်ပွဲအတွင်း၂၉၅,၈၆၈ ဦးတိုးလာသည့်အတွက်ရခိုင်တွင်လက်ရှိစစ်ရှောင်ဒုက္ခသည်ဦးရေ ၃၅၈,၂၀၀ ဦးအထိရှိလာသည်ဟုဖော်ပြထားသည်။

 

ဆက်လက်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့်ရခိုင်ပြည်ရှိမြို့နယ်၁၇ခုအနက်၁၅မြို့နယ်မှဒေသခံအရပ်သားပြည်သူများသည်နေရပ်မပြန်နိုင်သေးဘဲနီးစပ်ရာဆွေမျိုးအိမ်များနှင့်ဘေးလွတ်ရာနေရာများတွင်တိမ်းရှောင်နေကြရဆဲဖြစ်ပြီးစားဝတ်နေရေးအခက်အခဲရှိနေသည်ဟုစစ်ဘေးရှောင်များမှပြောသည်။

 

မြောက်ဦးမြို့မှအမျိုးသမီးတစ်ဦးက"ငတ်တစ်လှည့်ပြတ်တစ်လှည့်ပါပဲ။အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကလည်းမျှော်လင့်လို့မရတော့ဘူးလေ။လက်ရှိမှာလည်းစားသောက်နေထိုင်ဖို့အခက်အခဲနဲ့အကူအညီထောက်ပံ့မှုလည်းမ၇ကြပါဘူး။ပိုဆိုးတာကဘယ်အချိန်ဗုံးလာကြဲမလဲဆိုတဲ့စိတ်နဲ့ညတောင်ကောင်းကောင်းမအိပ်နိုင်ဘူး"ဟု ပြောသည်။

 

စစ်ဘေးဒုက္ခသည်များတွင်  စားနပ်ရိက္ခာ၊ဆေးဝါးနှင့်အထောက်အကူပစ္စည်းများ၊အမိုးအကာ၊ပြန်လည်တည်ဆောက်ရေး၊အသက်မွေးကျောင်းဆိုင်ရာအကူအညီများနှင့်စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက်မိုင်းရှင်းလင်းရေးလုပ်ရန်အရေးပေါ်လိုအပ်နေကြောင်းHDCO မှ ထုတ်ပြန်သည်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.