စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းအမှတ်(၂၄) ဗျူဟာကို ရက္ခိုင့်တပ်တော်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိစစ်ကောင်စီ အရာရှိကြီးများမြို့ကို စွန့်ခွာထွက်ပြေးသွားပြီးနောက် နယ်ခြားစောင့်စခန်းများတွင်လည်း ထွက်ပြေးသူများနှင့် အလံဖြူထောင်လက်နက်ချမည့်သူများပြားနေ

ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ ဧပြီ ၇/၂၀၂၄

 

မောင်တောမြို့နယ် မြောက်ပိုင်းတွင် နောက်ထပ်ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများအထဲမှ အကြီးမားဆုံး နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် အမှတ်(၂၄) ဗျူဟာကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည့် အကျအဆုံးများစွာဖြင့် ကြိမ်ချောင်း ကျေးရွာအနီးရှိ နခခ (၇) သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

 

ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူ တစ်ဦးက ကြိမ်ချောင်း ၂၄ ဗျူဟာကို သိမ်းပိုက်လိုက်ပါပြီ။ လွန်ခဲ့တဲ့ သောကြာနေ့ ညနေကတည်းက တက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က အထိအခိုက် အကျဆုံးများစွာနဲ့ ကြိမ်ချောင်း နခခ ၇ ကို ဆုတ်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲက ပြင်းထန်ပြီး ကိုယ့်တပ်တော်ဘက်ကလည်း အထိအခိုက် အကျအဆုံးတချို့ရှိတယ်လို့ ကြားပါတယ်ဟု ပြောသည်။

 

လက်ရှိ ကြိမ်ချောင်း နခခ(၇) သည့် ကြိမ်ချောင်းကျေးရွာအနီးတွင်တည်ရှိပြီး စခန်းမှာ မြေပြန့်တွင် ဖြစ်သဖြင့် များမကြာမီ ၎င်းကြိမ်ချောင်းစခန်းလည်း တပ်တော်လက်ထဲကျသွားနိုင်သည်ဟု သူက ဆက်ပြောသည်။

 

 ကြိမ်ချောင်း နခခ ၇ က ယခင်စခန်းဟောင်းပါ။ အခု လက်ရှိ အဲဒီစခန်းကို တပ်တော်က ဝန်းရန်ပိတ်ဆို့ ထားပါတယ်။ စစ်ကောင်စီကတော့ တောက်လျှောက် လေယာဉ်နဲ့  ပစ်ကူတာတွေ လုပ်နေတယ်။ အနီးအနားမှာက ရွာသားတွေတစ်ယောက်မရှိတော့ဘူး။ အကုန်လုံးထွက်ပြေးသွားပြီ ဟု ပြောကြားသည်။



 လက်ရှိတွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းများကို ရက္ခိုင့်တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးနောက် ကြိမ်ချောင်းပြီးလျှင် နောက်ထပ် စခန်းကြီးတစ်ခုဖြစ်သည့် ကျီးကန်ပြင် နယ်ခြားစောင့် စခန်းဌာနချုပ်ကျန်ရှိနေသည်ဟု သိရသည်။

 

သို့သော်လည်း ၎င်းကျီးကန်ပြင် နယ်ခြားစောင့် စခန်းဌာနချုပ်တွင် တပ်သားများ ထွက်ပြေးမှုများနေ၍ အင်အားအများအပြားမရှိတော့ဟု သိရှိရသည်။

 

မောင်တောဒေသခံ အစိုးရဝန်ထမ်းတစ်ဦးက အခု မောင်တောမြို့ပေါ်မှာ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် အစိုးရ အရာရှိကြီးတွေ အကုန်လုံးမြို့ကို စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်တယ်။ ကျန်တဲ့ မြို့ပေါ်က ရဲတွေလည်း အေအေတိုက်လာရင် မခုခံဘဲ အလံဖြူထောင်မယ်လို့ ကြားရတယ်။ နယ်ခြားစောင့် စခန်းတွေမှာလည်း ထွက်ပြေးသူတွေများနေတဲ့ အတွက် ရက္ခိုင့်တပ်တော် ဝင်လာရင် ဘယ်လိုမှ မခုခံနိုင်ဘူး။ အကုန်လုံးလက်နက်ချနိုင်တဲ့ အနေအထားရှိနေပါတယ်ဟုပြောကြားသည်။

 

ရက္ခိုင့်တပ်တော်သည် မောင်တောနှင့် ဘူးသီးတောင်ကို ဆက်သွယ်ထားသည့် ၁၆ မိုင်အရှည် ကားလမ်းကိုလည်း ထိန်းချုပ်ထားလိုက်ပြီး မောင်တောမြို့ (၄)မိုင်တွင် ရှိသည့်  တပ်ရင်းကို ဧပြီလ ၅ ရက် သောကြာနေ့ကနေ တင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

 

“ (၄)မိုင် က နယ်ခြားစောင့်စခန်းကို သောကြာနေ့ မနက်ကနေစပြီး အေအေက တိုက်နေတယ်လို့ သိရပါ။ မနေ့လည်း တိုက်နေကြတယ်။ မြို့ပေါ်တပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ် လက်နက်ကြီးကျည်တွေက နေရာတိုင်းကနေ နေ့စဉ်ရက်ဆက် ကြားနေရပါတယ်ဟုပြောသည်။

 

လက်ရှိတွင် စစ်ကောင်စီသည်  မောင်တောမြို့ပေါ်တွင် က်နက်အင်အား လူအင်အားျားကို  ဇက်သင်္ဘောဖြင့် ဖြည့်တင်းနေပြီး မြို့ထဲအထိ တိုက်ပွဲဆက်လက်ပွားလာမည်ကို စိုးရိမ်နေရသည့် မောင်တောမြို့ပေါ်က မွတ်ဆလင်မြို့ခံတစ်ဦးက ြောသည်။

 

 “ကညင်တောကနေ မောင်တောမြို့ကို စစ်အင်အားနဲ့ ရိက္ခာ ဖြည့်နေတာက ရက်နည်းနည်းကြာနေပြီ။ စစ်အင်အား ရိက္ခာတွေများလို့ လေးငါးရက်တောင်ကြာတယ်။ ဒီနေ့တော့ မတွေ့တော့ဘူး။ စားနပ်ရိက္ခာနဲ့အတူ စစ်သားတွေလည်း ကားပေါ်မှာပါတယ်ဟုပြောသည်။

 

စစ်ကောင်စီသည် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာ၊ လောင်စာဆီများကို ဧပြီ ၁ရက်နေ့မှ ၅ ရက်နေ့အထိ ကညင်ချောင်းစီးပွါးရေးဇုန်ဆိပ်ကမ်းမှတဆင့် ဇက်နေဗီများဖြင့် မြို့သူကြီးတပ်ရင်းသို့ ဖြည့်တင်းလျက်ရှိနေသော်လည်း စစ်ကောင်စီတပ်သား အများစုမှာ စိတ်ဓာတ်ကျနေကြသည်ဟု ၎င်းပြောဆိုသည်။

ဆက်စပ် သတင်းများ