သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဂျပန်နှင့် မလေးရှားနိုင်င်ငံတို့တွင် ကျင်းပပြုလုပ်သည့် (၁၅)နှစ်မြောက် ရက္ခိုင့်တပ်တော်(AA) မွေးနေ့ အကြိုအခမ်းနားများသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် online မှတဆင့် အမှာစကား ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 832

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ / ၂၀၂၄

(၁၅) နှစ်မြောက်  ရက္ခိုင့်တပ်တော်( AA) မွေးနေ့ အကြိုအခမ်းအနားကို ဂျပန်နိုင်ငံနှင့် မလေးရှား နိုင်ငံတွင် ယနေ့ ဧပြီ ရက်နေ့က ကျင်းပပြုလုပ်ရာ ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အွန်လိုင်းမှတဆင့် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


လာမည့် ဧပြီလ ၁၀ ရက်‌ နေ့သည် ရက္ခိုင့်တပ်တော်(AA) ၏ (၁၅) နှစ်မြောက်နေ့ မွေးနေ့ဖြစ်ပြီး မွေးနေ့ အကြိုအခမ်းအနားများကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ရက္ခိုင်အစည်းအရုံး-ဂျပန်က ဦးဆောင်၍  ဂျပန်စံတော်ချိန် နံနက် ၁၂ နာရီမှ  ညနေ နာရီအထိ လည်းကောင်း၊ မလေးရှားနိုင်ငံ ကေအယ်လ်၊ ပါဟမ်း တို့တွင် မလေးစံတော်ချိန် နံနက် ၁၀နာရီခွဲမှ ညနေ ၆နာရီ အထိ လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။


ရခိုင်လူမျိုးများသာမက တိုင်းရင်းသားလူမျိုးများပါ ရာနှင့်ချီ၍ တက်ရောက်ခဲ့သည့် အဆိုပါအခမ်းအနားများတွင် ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အွန်လိုင်းမှတဆင့် မိန့်ခွန်းများပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ရိုးရာအကများနှင့်အတူ အဆိုရှင်များက တေးသီချင်း သီဆိုမှုများဖြင့် ဂုဏ်ပြုကျင်းပခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သူများ၏ ပြောပြချက်အရသိရသည်။

ရက္ခိုင့်တပ်တော် ( Arakan Army) ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ဧပြီလ ၁၀ရက် နေ့ဆိုလျှင် ( ၁၅) နှစ်မြောက် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်တွင်သာမက တစ်နိုင်ငံလုံးရှိ တော်လှန်ရေး တပ်ဖွဲ့များနှင့်လက်တွဲကာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်နေသည့် တပ်တော်တစ်ခုဖြစ်သည်။


မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး အောင်ပွဲများ ရရှိနေသဖြင့် အင်အားအကြီးဆုံးတော်လှန်ရေးတပ်ဖွဲ့အဖြစ် အများက အသိအမှတ်ပြုလေးစားခံရသည့် တပ်တစ်ခုဖြစ်ကြောင်းသိရသည်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ရခိုင်တွင် တိုက်ပွဲဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် ရခိုင်မြောက်ပိုင်းမြို့နယ်အများအပြားကို ထိန်းချုပ်နိုင်ထားနိုင်ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

(ဗိုလ်ချုပ်၏ အမှာစကားအား ရရှိပါက သီးသန့်ဖော်ပြပေးပါမည်။)

ဆက်စပ် သတင်းများ