စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူဦးရေ ၂ဝ,ဝဝဝ နီးပါးထံ အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ ဖြန့်ဝေပေး



ရခိုင်ပြည်မြောက်ပိုင်းရှိ လူဦးရေ ၂ဝ,ဝဝဝ နီးပါးထံသို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်( WFP) က အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ‌‌‌‌‌‌‌ဖြန့်ဝေပေးခဲ့ကြောင်း ဧပြီ ၈ ရက်တွင် United Nations Myanmar ကထုတ်ပြန်ထားသည်။

ပဋိပက္ခဒဏ်ကို ခံစားနေရကြရသူတွေဟာ အခုချိန်မှာ အလိုအပ်ဆုံးဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ အာဟာရ အကူအညီတွေကို ရရှိခဲ့ကြပါတယ်။ တစ်တပ်တစ်အားကူညီပေးခဲ့ကြတဲ့ ရပ်ရွာစေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ရှိပါတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာလည်း ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ ‌မြောက်ပိုင်းတို့မှာ WFP အနေနဲ့ ဆက်လက်ပြီး ရိက္ခာအထောက်အပံ့တွေ ဖြန့်‌ဝေသွားဖို့ စီစဥ်ထားပါတယ်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြင်းထန်လာသည့် တိုက်ပွဲများနှင့် ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုများကြားမှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) သည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူဦးရေ ၂ဝ,ဝဝဝ နီးပါးထံကို အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ‌‌‌‌‌‌‌ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိရခိုင်ပြည်နယ်မှာ စစ်ရှောင်ဦးရေ တိုးပွါးလာခြင်းနှင့်အတူ အရင်က စားနပ်ရိက္ခာဖူလုံခဲ့သူတွေပါ အခု စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့လာနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

WFP အနေဖြင့်လည်း အကူအညီလိုအပ်နေသူများထံ သွားရောက်ကူညီနိုင်ရေး အခက်အခဲများကြားထဲက အကန့်အသတ်ရှိနေသည့် အရင်းအမြစ်များကိုသုံးပြီး ရခိုင်ပြည်နယ် တစ်ဝန်းသာမက မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်သူများရှိသည့် မည်သည့်နေရာအတွက်မဆို အကူအညီများ ဆက်လက်ပေးအပ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

 ဓာတ်ပုံ- United Nations Myanmar

ဆက်စပ် သတင်းများ