English Edition
ကြာသပတေးနေ့၊ မတ်လ ၂၀ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်မှုထမ်းရန်စည်းရုံးသည့် တောင်ကုတ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးကို ရက္ခိုင့်တပ်တော် ဖမ်းဆီး
ဧပြီ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :3701
ရခိုင် သတင်း
ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်မှ စစ်မှုထမ်းရန်စည်းရုံးနေသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ ဝက်ကျိပ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးညီလေး အသက်(၅၀)ဝန်းကျင်ဖြစ်ကြောင်း သိ၇သည်။
၄င်းအား ယမန်နေ့ ဧပြီလ ၈ရက်၊ ညနေ ၆ နာရီ ဝန်းကျင်က ဝက်ကျိပ်ကျေးရွာရှိ နေအိမ်မှ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ယူသွားခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံတစ်ဦး ကပြောသည်။
"ဝက်ကျိပ် အုပ်ချုပ်ရေးမှူးကို ခြောက် နာရီလောက်မှာ တပ်တော်ဘက်က လာဖမ်းသွားတာပါ။ ဝက်ကျိပ်မှာရှိတဲ့ သူ့အိမ်ကနေဖမ်းသွားတာ" ဟု ပြောသည်။
၄င်းအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရခြင်းမှာ ပြည်သူ့စစ်မှုထမ်းစုဆောင်းရေးကိစ္စရပ်များနှင့် ပတ်သက်နိုင်ကြောင်း တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
" သူ့ကိုဖမ်းတာ စစ်မှုထမ်းကိစ္စတွေကြောင့် ဖြစ်နိုင်တယ်။ အခု ဒီတောင်ကုတ်ဘက်တွေမှာက ပြည်သူ့စစ်ဆိုပြီး ခေါင်းစဥ်တစ်မျိုးပြောင်းပြီး စစ်တပ်က လူစုနေတာရှိတယ်။ အဲဒါတွေကို ရပ်ကျေးအုပ်မှူးတွေက အဓိကတာဝန်ယူပြီးလုပ်နေရတာလေ" ဟု ပြောသည်။
တောင်ကုတ်အပါအဝင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှ မြို့နယ်များတွင် ပြည်သူ့စစ်စုဆောင်းရေး ကိစ္စများကို စစ်တပ်၏ ညွှန်ကြားချက်အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အဓိကတာဝန်ယူ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။
တောင်ကုတ်မြို့ပေါ်ရပ်ကွက်များမှ ပထမအသုတ်အနေဖြင့် အင်အား ၅၀ ခန့်ပါရှိမည့် ပြည်သူ့စစ်ဖွဲ့စည်း ၇မည်ဟု စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်တွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စကခ( ၅ )အတွင်းသို့ ခေါ်ယူညွှန်ကြားထားကြောင်းသိရသည်။
ဝက်ကျိပ်အုပ်စု အုပ်ချုပ်ရေးမှူးကို အေအေက ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် ရက္ခိုင့်တပ်တော်ကို ဆက်သွယ်ထားဆဲဖြစ်သည်။
#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.