Preview

နတ်မြစ်တစ်ဖက်ကမ်းခြေ မြန်မာဘက်က ဖြစ်ပွားနေသည့် တိုက်ပွဲမှ ပေါက်ကွဲသံများကြောင့် ဘင်္ဂလာဒေသခံများ အထိတ်တလန့်ဖြစ်နေကြရ

ဧပြီ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :805
ရခိုင် သတင်း

နွေနေ၊ နိရဉ္စရာ၊ ဧပြီ ၉/၂၀၂၄

နတ်မြစ်တစ်ဖက်ကမ်းတစ်လျှောက်  မြန်မာဘက်ခြမ်းမှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီ တပ်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှထွက်ပေါ်လာသည့် သေနတ်သံများ၊ လက်နက်ကြီး ပေါက်ကွဲသံများကြောင့်တနင်္ဂနွေနေ့ကစပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း တက်ကနက်ဒေသမှ လူများ အထိတ်တလန့်ဖြစ်နေကြသည်ဟု ဘင်္ဂလာမီဒီယာများတွင် ရေးသားဖော်ပြသည်။

" မနက်စောစောပိုင်းကတည်းကပစ်ခတ်သံတွေ အများကြီးကြားရတယ်။ ဒေသခံလူတွေ အားလုံးလည်းအထိတ်တလန့်နဲ့ နေကြ၇တယ်" ဟု နူးကဘာ ဆိုသူ ပြောသည်။

နယ်စပ်တစ်လျှောက်နေထိုင်သူများက ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တနင်္ဂနွေနေ့တွင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသဖြင့် ကျယ်လောင်သော သေနတ်သံများကိုခါရန်ခါလီ၊ နာယာဘဇာ၊ မီနာဘဇာ၊ကန်ဂျာပရာ၊ ဂျင်မ်ခါလီ စသည့်နေရာများမှကြားကြ၇သည်ဟုဆိုသည်။


တက်ကနက် နယ်စပ်ဒေသ၊ တက်ခ်နက်ရှိ ဝါးခွပ်ချောင်း၊ ညလား (နီလာ) တိုက်နယ် တို့တွင် နေထိုင်ကြသူများကလည်းမြန်မာဘက်ခြမ်းမှ မော်တာကျည်ပေါက်ကွဲသံများကြောင့် အထိတ်တလန့်ဖြစ်နေကြသည်။

မြန်မာနိုင်ငံဘက်ခြမ်းမောင်တော၊ ဘူးသီးတောင် မြို့နယ်များရှိ ကျေးရွာအချို့တွင်ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန်နေသည်ဟု ဒါကာထရိုင်ဗြွန်းသတင်းက ရေးသားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်တို့သည် ကော့စ်ဘဇားခရိုင်တောင်ပိုင်း  ဝါးခွပ်ချောင်း မှ ရှာပူရီကျွန်းအထိ မိုင် ၄၀ ခန့်ရှိနယ်စပ်လမ်းတစ်လျှောက်တွင် ကင်းလှည့် စောင့်ကြည့်မှုပိုမိုပြုလုပ်လျှက်ရှိသည်ဟု ဆိုသည်။

 

ref:dhakatribune (ဓာတ်ပုံ- ဘင်္ဂလာလုံခြုံရေးတပ်ဖွဲ့ဝင်များ နတ်မြစ်တွင် ကင်းလှည့်နေကြစဉ်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.