Preview

ရက္ခိုင့်တပ်တော်သည် ရခိုင်လူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့အစည်း အများစု၏ မီးရှူးတန်ဆောင်ဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောကြား

ဧပြီ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :2648
ရခိုင် သတင်း

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၂၄

ရက္ခိုင့်တပ်တော်(AA) သည် ရခိုင်လူမျိုးများ၏ ဂုဏ်ကိုဖော်ဆောင်နိုင်ခဲ့သည်သာမကမြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့အစည်း အများစု၏ စံပြမီးရှူးတန်ဆောင်ဖြစ်ကြောင်း  မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်တာဝန်ခံ နိုင်နဂါး က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော် (၁၅)နှစ်မြောက် မတိုင်မီ တစ်ရက် အလိုတွင် ရက္ခိုင့်တပ်တော်နှင့် ပတ်သက်ပြီး သူ့အမြင်ကိုပြောကြားသွားခဲ့ခြင်းဖြစ်သည်။

နိုင်နဂါးက “ရက္ခိုင့်တပ်တော် AA ရဲ့ဒီနေ့အခြေအနေကို သုံးသပ်ရမယ်ဆိုလို့ရှိရင် ရက္ခိုင့်တပ်တော်ဟာ တော်လှန်ရေးအဖွဲ့အစည်း အများစုရဲ့ မီးရှူးတန်ဆောင် တပ်တစ်တပ်လို့ ပထမအနေနဲ့ ပြောလိုတယ်”ဟု ပြောသည်။


ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်ရှိအဖိနှိပ်ခံ လူမျိုးပေါင်းစုံ၊  လူတန်းစားပေါင်းစုံတို့ကို တော်လှန်ရေးအသိ၊ တော်လှန်သည့်  လူမျိုးများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီးရခိုင်လူမျိုးများ၏ ဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့ တော်လှန်ရေးတပ်တော်တစ်ခုဖြစ်ကြောင်းလည်း သူကသုံးသပ်သည်။

“ရခိုင်ပြည်သူတွေရဲ့ဘ၀၊ ရခိုင်ရှိလူတန်းစားပေါင်းစုံတွေရဲ့အဖိနှိပ်ခံ ဘ၀ ကနေပြီးတော့ တော်လှန်သောလူမျိုး၊ တော်လှန်သော ဘ၀အခြေအနေကိုရောက်အောင် ရက္ခိုင့်တပ်တော် AA ကပြောင်းလဲပစ်နိုင်ခဲ့တယ်။ ရခိုင်လူမျိုးတွေရဲ့ ဂုဏ်ကိုဖော်ဆောင်နိုင်ခဲ့တယ်။ကမ္ဘာမှာ ရခိုင်ဟေ့လို့ ဒီနေ့ လက်မောင်းတန်းပြီးတော့ ကြွေးကြော်နိုင်ခဲ့တာဟာ ရက္ခိုင့်တပ်တော်ရဲ့စွန့်စားမှု ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ရှိမှု ဉာဏ်ပညာရှိမှုကြောင့်လို့ ဒီနေ့ပြောချင်ပါတယ်”ဟု  MSRF  ပြောရေးဆိုခွင့်တာဝန်ခံ နိုင်နဂါး ကဆိုသည်။

ရက္ခိုင့်တပ်တော် ( AA)သည် ရခိုင်ပြည်နယ်အတွင်းသာမက ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်၊ မကွေးတိုင်း တို့တွင်လည်း စစ်ကောင်စီတပ်အား တခြားတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူပေါင်းကာ ထိုးစစ်ဆင်လျက်ရှိသည်။

ရက္ခိုင့်တပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့သည် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း မတ်လ ၂၆ ရက်နေ့တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ကာ ၁၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ရခိုင်ပြည်တွင် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ စစ်ကောင်စီတပ်နှင့် နေ့တိုင်း တိုက်ပွဲ ဖြစ်ပွားလျက် ရှိပြီး စစ်ကောင်စီ စခန်းများအား အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း လည်းသိ၇သည်။

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.