Preview

သံတွဲတွင် စစ်ကောင်စီနေဗီက အကြောင်းမဲ့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်များ ကျေးရွာများအနီးသို့ ကျရောက်ပေါက်ကွဲ

ဧပြီ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :5142
ရခိုင် သတင်း

စိုးစံအောင် 

နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီနေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံကျေးရွာသားများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယနေ့ဧပြီလ ၉ ရက် ၊ မနက် ၉ နာရီနှင့် ၁၁ နာရီအချိန်တို့တွင် ဆင်ခေါင်းကျေးရွာပင်လယ်ပြင်မှနေ၍ စစ်ကာင်စီနေဗီက လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်များမှာ ကျောက်ဆိပ်၊ တောင်ညိုကျေးရွာများအနီးနှင့် ငန်းကျွန်းတို့ကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦး ကပြောသည်။

" မနက် ၉ နာရီက နှစ်ချက်ပစ်တယ်။ အဲဒီအချိန်က သိပ်မကျယ်ဘူး။ ဆင်ခေါင်းဖက်ကနေ ပစ်တာလို့သိရတယ်။ ဒုတိယအကြိမ်ထပ်ပစ်တော့ အသံကြီးတွေက နားထဲမှာ ဝီခနဲဖြစ်သွားတယ်။အကျယ်ကြီးလေ။ ကျွန်တော်တို့ရွာနားတွေမှာ လက်နက်ကြီးကျည်တွေ ကျကွဲတယ်" ဟု ကျောက်ဆိပ်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီးကျည်များမှာ ငန်းကျွန်း၊ ကျောက်ဆိပ်ကျေးရွာ သင်္ချိုင်းအနီးနေရာများ၊ ကျောက်ဆိပ်နှင့်မြို့တောင်ကျေးရွာကြားမှ ဒေသအခေါ် လေပြည်တောင်အနီးနေရာများ၊ တောင်ညိုကျေးရွာဘုန်းကြီးကျောင်းရှေ့လယ်ကွင်းပြင်နှင့် ကျောက်ဆိပ်ကျေးရွာအနီး ချောင်းထဲနေရာများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သူကပြောသည်။

အဆိုပါဒေသများတွင် AA နှင့်တိုက်ပွဲဖြစ်ပွားခြင်းလုံး၀မရှိသေးဘဲ စစ်ကောင်စီက တမင်သက်သက် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများ ကပြောသည်။

" တိုက်ပွဲဖြစ်တဲ့ သေနတ်သံတွေလည်းဘာမှမကြား၇ဘူး။နှစ်ဖက်တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ စစ်တပ်က တမင်သက်သက် လက်နက်ကြီးပစ်တာ" ဟု ဒေသခံတစ်ဦးကပြောသည်။

ဧပြီလ ရ ရက်ကလည်း သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာအနီး ပင်လယ်ပြင်မှ စစ်ကောင်စီနေဗီက လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်များမှာ တောင်ကုတ်မြို့နယ် တပျော့၊ တဲမောက်၊မုတ်ကျေးရွာများအနီး တွင်ရှိသောတောင်တန်းများကို ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.