သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မော်လမြိုင် ရတခစစ်ဌာနချုပ်တွင် အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းနှင့် စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီ တပ်သား ၃၀ ​ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးသေဆုံးသည်ဟု သတင်းရရှိကြောင်း Alpha Bats Drone Force သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 646

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ ဧပြီ / ၂၀၂၄

 

ဧပြီ ရက် နေ့လယ်ပိုင်းက မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အစည်းအဝေး ပြုလုပ်နေစဉ် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲ၏ ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ စစ်ဦးစီးပထမတန်းနှင့်အထက် စစ်ဗိုလ်ချုပ် ၄ဦး အပါအဝင် အရာရှိ အရာခံ အကြပ် တပ်သား ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိထားသည်ဟု အတွင်းသတင်းအရ သိရှိထားရကြောင်း အဆိုပါ အဖွဲ့ က နောက်ဆုံးရသတင်းအဖြစ် သတင်းထုတ်ပြန်သည်။

 

သတင်းထုတ်ပြန်ချက်အထဲတွင် ယနေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သော ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲ၏ ကာမီကာဇေဒရုန်းကြောင့် ရတခ ထဲအစည်းအဝေးလုပ်နေသည့် စစ်ဦးစီး ပထမတန်းနှင့်အထက် စစ်ဗိုလ်ချုပ် ၄ဦး အပါအဝင် အရာရှိ အရာခံ အကြပ် တပ်သား ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း အတွင်းသတင်းများအရ သိရှိရကြောင်း ဖော်ပြထားသည်။

 

စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်များ အထူးအစည်းအဝေးလုပ်နေစဥ် ရှာထူးဝေါ်တပ်ဖွဲ့ဝင်များက ဒုတိယအကြိမ်မြောက် ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်မှုမှာ ဒဏ်ရာရစာရင်းတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေတို့ ပါဝင်နေနိုင်ကြောင်းသိရပြီး ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် အကြီးပိုင်း ၆ဦး ပြင်းထန်ဒဏ်ရာရပြီး ၄င်းတို့ထဲမှ ၃ဦး နေ့ညသေဆုံးသွားခဲ့ပြီလို့လည်း သတင်းရင်းမြစ်များထံမှ သိရသည်ဟု ဆက်လက်ဖော်ပြထားသည်။



 Alpha Bats Drone Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သေတဲ့သူတွေ သေတာမှန်ပေမယ့် ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုမရသေးပါဘူးဗျ။ ဒဏ်ရာရတာလည်း စိုးဝင်းလို့ တိတိကျကျမသိကသေးပါဘူးဗျ။ ဖြစ်နိုင်ခြေကိုပြောတာပါဟု ပြောသည်။

 

မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်းဖြင့်ဧပြီလ ရက်နေ့ တွင်တကြိမ် ဧပြီ ရက်နေ့ တွင် တကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Alpha Bats Drone Force မှထုတ်ပြန်ထားသည်။

 

ရှေ့ဆက်ပြီး အလုပ်တွေအများကြီး လုပ်ဖို့ရှိနေပါတယ်။ အကောင်ကြီးကြီးသေးသေး လုပ်ရပ်တွေ အတွက် ပေးဆပ်ကမှာပါ။ ရှေ့ ဆက်ပြီး နားစွင့်ပေးထားပါ။ အားရစရာ သတင်းတွေကြားလာရဦးမှာ ပါဗျဟု Alpha Bats Drone Force သတင်းနှင့်ပြန်ကြားရေး တာဝန်ခံမှပြောသည်။

 

မော်လမြိုင် ရတခ တိုင်းရုံး၌ စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိပြီး စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေချိန် ကာမီကာဇေ Fixed Wing Drone များဖြင့် ဧပြီ ရက်နေ့ တွင်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

 

နေ့လယ် ၁နာရီ ၃၀နာရီခန့်တွင် မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်း အထူးစစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေသည့် အားကစားခန်းမနှင့် စစ်ရဟတ်ယာဥ် ၂စီးရပ်ထားသောကွင်းနေရာတို့အား ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲမှ ကာမီကာဇေ Fixed Wing Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



 

ဧပြီလ ၈ရက်နေ့ ညနေ ၅နာရီ ၁၀မိနစ်ခန့်တွင်လည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်ရေးကွပ်ကဲမှု  အစည်းအဝေး လုပ်နေကြောင်း သတင်းရ၍  ရှားထူးဝေါ်နည်းပညာ Alpha Bats Drone Force မှ Fixed Wing Drone အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။

 

ထို တိုက်ခိုက်မှုများကြောင့် ဒုချုပ်စိုးဝင်း နှင့် ရတုတိုင်းမှူးတို့ အစည်းအဝေးကျင်း ပနေရင်း ချက်ချင်းရပ်တန့်ကာ ရုံးဆင်းသွားပြီး ဖော်ကာ နှင့် ဂျက်၂စီးလည်း နောက်ထပ်တိုက်ခိုက်လာမည် စိုးရမ်၍အားချင်း တက်ပျံသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ- Alpha Bats Drone Force

ဆက်စပ် သတင်းများ