သဉ္ဇာနွယ်၊နိရဉ္စရာ၊ဧပြီ ၁၀ /၂၀၂၄
၇ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၀ နှစ်အရွယ်ယောကျာ်းကလေးတစ်ဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာကြောင်ဖြူကွင်းကျေးရွာမှ ဦးအောင်သန်းချေ၏သား မောင်ဆန်းလင်းထွန်း အသက် ၁၀နှစ်ဖြစ်သည်။
ရွာသူ အမျိုးသမီးတစ်ဦးက " ၃၇၃ အနားမှာ မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားတာရှိတယ်။ဒီနေ့လည်း တစ်ဖက်သတ်ပစ်တယ်။ ရွာထဲမှာ လက်နက်ကျလို ကျည်စထိမှန်ပြီးသေသွားတာပါ" ဟုပြောသည်။
အမ်းမြို့နယ်၊ ကြောင်ဖြူကွင်းကျေးရွာဘက်သို့ ယမန်နေ့ဧပြီ ၉ ရက်နေ့ နံနက် ၉ နာရီခန့်မှ စ၍ ခမ၇ ၃၇၃ တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေသည်ဟု သိ၇သည်။
လက်ရှိ အမ်းမြို့နယ်တွင် စစ်ရေးအခြေနေတင်းမာမှုရှိနေပြီးစစ်ကောင်စီ မြေပြင်တပ်ရင်းများမှ လက်နက်ကြီးများပစ်ခတ်သလို လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည်ဟုအမ်းဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
" အမ်းကို မကွေးဖက်က Mi-35တွေနဲ့ လာတိုက်တာရှိတယ်။ တမိုင်ကုန်းဖက်ကဆိုနေ့တိုင်းပစ်တယ်။ အမ်း အခြေစိုက်တပ်ရင်းတွေကဆိုရင် တိုက်ပွဲမဖြစ်တဲ့အချိန်ဆိုရင် လက်နက်ကြီးတွေနဲ့တစ်ဖက်သတ် ပစ်တာရှိတယ် "ဟုပြောသည်။
အမ်းမြို့နယ်တွင် လက်ရှိ ဧပြီလ အတွင်းကဇုကိုင်းတောင်ဟိန်းတောင်ဗျူဟာ၊ နတ်တောင် အနီးရှိ ပြောင်သေရွာ၊ ခမ၇-၃၇၃ တပ်ရင်းအနီးနှင့် နေရာအနှံ့အပြားတွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိ၇သည်။
၂၀၂၃ နိုဝင်ဘာလ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်းအပြစ်မဲ့ အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့၇ကြောင်းULA/AA ၏HDCO က ဧပြီလ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။