Preview

ကျောက်ဖြူ၊ ဂုံးချွိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကို စစ်ကောင်စီဖမ်းဆီး

ဧပြီ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :1394
ရခိုင် သတင်း

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဧပြီလ ၁၀/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိ၇သည်။

ယမန်နေ့ ဧပြီလ ၉ ရက် ည ၁၀ နာရီခွဲက ဂုံးချွိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးကြည်ကို စစ်ကောင်စီက သူ၏ နေအိမ်မှဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"ဘာအကြောင်းပြချက်မှမရှိဘဲ စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းသွားကြတာပါ။ အခုထိ မလွှတ်ပေးသေးဘူး။ ခလ၇ ၃၄ မှာ ရှိတယ်လို့တော့ ကြား၇ပါတယ်"ဟု ပြောသည်။

အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခံထားရသည့်အတွက် စိတ်မကောင်းဖြစ်နေရပြီး အမြန်ဆုံးပြန် လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုထားကြောင်းသိ၇သည်။

ယခုကဲ့သို့ စစ်ကောင်စီက ၎င်းတို့ခန့်ထားသည့် အုပ်ချုပ်ရေးမှူးကိုပင်လျှင် အကြောင်းပြချက်မရှိ ဖမ်းဆီးသည်ကိုကြည့်ခြင်းအားဖြင့် ဒေသခံပြည်သူများ သတိထားနေထိုင်ရန်လိုအပ်သည်ဟု ကျောက်ဖြူမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

"အခုလို သူတို့ရဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်ကိုတောင် အကြောင်းပြချက်မရှိ ဖမ်းတယ်ဆိုရင် စစ်ကောင်စီက စည်စည်ကားကားကျင်းပဖို့လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်မှာဆိုရင် လည်း ဒေသခံတွေ ပိုပြီး ဖမ်းဆီးခံရမှုတွေရှိနိုင်တယ်။ အန္တရာယ်ရှိနိုင်တယ်လို့ မြင်မိပါတယ်။ သတိထားနေထိုင်ကြဖို့ လိုအပ်ပါတယ်"ဟု ပြောသည်။

၇ခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလ ကျော်အတွင်း အမျိုးသမီးများ၊ မွတ်ဆလင်များအပါအဝင် အရပ်သား ၄၇၁ ဦး(အမျိုသား ၄၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး)ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.