သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မာန်အောင်မြို့အနီးမှ လက်နက်ကြီးပစ်ခတ်သံများ ကျယ်လောင်စွာထွက်ပေါ်လာ၍ ဒေသခံများစိုးရိမ်



ဆောင်းဦးမာန်၊ နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့အနီးတွင် ယနေ့ မနက် နာရီကျော်အချိန်တွင် လက်နက်ကြီး ပေါက်ကွဲသံ အကြိမ် ၁၀ ကျော် ကျယ်လောင်စွာ ကြားခဲ့ရသောကြောင့် ဒေသခံများစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

မနက်က ကြားလိုက်ရတာက အသံကျယ်ကြီး နှစ်ချက်တစ်ခါစီ ကြားလိုက်ရတယ်။ အားလုံး ၁၀ကြိမ် အထက်မှာရှိတယ်။ ဒီလောက်ထိကျယ်တာမျိုး အရင်က မကြားရဘူး အခုကြားရတာ အနီးအနားက ပစ်နေသလိုပဲဟု မြို့တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲသံသည် မာန်အောင်မြို့အတွင်းမှ ကျယ်လောင်စွာကြားခဲ့ရသည်ဟု ဆိုသည်။

၎င်းပစ်သံကို ဆိုလာစက်ရုံဘက်က ကြားခဲ့ရသည်ဟု ၎င်းစက်ရုံနှင့်   မိုင်အကွာတွင် တည်ရှိသည့် နတ်ပြင်ကျေးရွာသူ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။  

မနက်က ကြားလိုက်ရတာက အသံကျယ်ကြီး ကြားလိုက်ရတယ် အရင်ကပစ်ခတ်သံတွေထက် ပိုပြီး အကျယ်ကြီးပဲဟု ၎င်းကပြောသည်။

အဆိုပါ လက်နက်ကြီးသံသည် ဆိုလာစက်ရုံအတွင်းမှ ပစ်ခတ်သံများဖြစ်ကြောင်း လည်း ဒေသခံများကပြောဆိုမှုများ ရှိသည်။

မာန်အောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည် ရက္ခိုင့်တပ်တော် အေအေနှင့် စစ်ကောင်စီတို့ ရမ်းဗြဲတိုက်ပွဲအတွင်း မာန်အောင်ဖက်မှ လက်နက်ကြီးပစ်ကူပေးခြင်းမျိုးရှိခဲ့ကြောင်းသိရသည်။

ယခုလက်နက်ကြီးပစ်ခတ်မှုမှာ ယခင်ပစ်ခတ်မှုထက် ပြင်းထန်သဖြင့် ဒေသခံများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု ဆိုသည်။

လက်ရှိ မာန်အောင်မြို့နယ်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းဆောင်ရန် စုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်သည့်အပြင် စစ်ရေးလှုပ်ရှားမှုများလည်း လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ