ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်များ စုပေါင်း၍ လူငယ် ၁၂ ဦး ကို စုပေါင်းရှင်ပြုပွဲ ပြုလုပ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 246

အိမ်စိုးဖြူ

နိရဉ္စရာ၊ ဧပြီ ၁၁/ ၂ဝ၂၄

တစ်မြို့လုံးပြိုပျက်သွားခဲ့ပြီဖြစ်သည့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် ယနေ့ နံနက်က စစ်ဘေးရှောင်များစုပေါင်း၍ လူငယ် ၁၂ ဦးကို စုပေါင်းရှင်ပြုပေးခဲ့ကြကြောင်းသိရသည်။

စစ်ဘေးရှောင်တစ်ဦးက " အသက် ၁ဝ နှစ်အောက်ရှင် ၇ ပါးနှင့် အသက် ၂ဝ အရွယ် ရှင် ၅ ပါး၊ စုစုပေါင်း ၁၂ ပါးကို စစ်ဘေးရှောင်နေတဲ့ ဘုန်းကြီးကျောင်းဆရာတော်ဦးစီးပြီး ရှင်ပြုပေးခဲ့တာပါ” ဟု ပြောသည်။ 

ပေါက်တောမြို့တွင် လွန်ခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်မီရက်များက ရက္ခိုင့်တော်(AA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ပေါက်တောတစ်မြို့လုံးကို ရေကြောင်း၊ လေကြောင်းတို့မှ လက်နက်ကြီး၊ ဗုံးများဖြင့် ဖျက်ဆီးခဲ့သဖြင့် တစပြင်ဖြစ်ကျန်ခဲ့ကြောင်း ဒေသခံများက နိရဉ္စရာအားပြောသည်။

လက်ရှိတွင် ပေါက်တောမြို့နယ်တစ်ခုလုံးမှာ နီးစပ်ရာဆွေမျိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရပြီး စားဝတ်နေရေးအခက်အခဲများရင်ဆိုင်ကြုံတွေ့နေကြရဆဲဖြစ်သည်။

သို့ရာတွင် အခက်အခဲများကြားမှ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအရ တူ၊ သား၊မြေး၊  မြစ်များအား စုပေါင်းရှင်ပြုခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ဆက်စပ် သတင်းများ