သဉ္ဇာနွယ်/နိရဉ္စရာ၊ဧပြီ၁၂/၂၀၂၄
၇ခိုင်ပြည်၊ကျောက်ဖြူမြို့နယ်မှ လူငယ်၄ ဦးကိုကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများမှဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ကုလဘာတောင်ရွာမှ ကိုနေတိုး (၂၀)နှစ်၊ ကိုဇင်မြင့်ထွန်း (၂၀)နှစ်၊ ကိုတင်မောင်နိုင် (၂၂)နှစ်နှင့် ကိုချမ်းမြင့်ဇော် (၂၄)နှစ်တို့ ဖြစ်ကြသည်။
၎င်းတို့ ၄ ဦးသည် ယမန်နေ့ဧပြီ ၁၁ရက် မွန်းလွဲ ၂နာရီခန့်က ဆိုင်ကယ်(၂)စီးဖြင့် ပြန်လာစဉ် စည်မော်ရွာအဝင်၀လမ်းဆုံတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟုကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" လူငယ်တွေကို ဖမ်းတာက ဓည၀တီရေတပ်ဌာနချုပ်က စည်မော်ရွာကိုမရောက်ခင် လမ်းဆုံမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေက ဖမ်းသွားတာပါ။ အဲဒီရွာအနီးအနားမှာ စစ်သားတွေ ကင်းပုန်းဝပ်နေတာ လေးငါးရက်လောက်ရှိပြီ"ဟုပြောသည်။
၎င်းတို့သည် သစ်ပုတ်တောင်တိုက်နယ်၊စိုင်ခြုံဒွိန်ရွာမှ ၎င်းတို့နေရပ် ကုလာလာတောင်ကျေးရွာသို့ ပြန်လာစဉ် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ လက်ရှိ ၎င်းတို့အား ဓည၀တီ ရေတပ်ဌာနချုပ်တွင် ချုပ်နှောင်ထားသည်ဟုစည်မော်ရွာသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ဟိုတနေ့ကလည်း ရွာကအမျိုးသားတစ်ယောက်ကိုဖမ်းသွားသေ
ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့ကလည်းစစ်ဘေးရှောင်၍ ပြန်လာသည့် စည်မော်ရွာမှ ဦးဝေတင်အောင်ကို ဓည၀တီရေတပ်ဌာနချုပ်မှ စစ်ကောင်စီစစ်သားများသည် ရွာထဲသို့ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့သည်ဟု သိ၇သည်။