Preview

ဘူးသီးတောင်တွင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အဆက်အသွယ်မရပျောက်ဆုံးနေ

ဧပြီ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :1514
ရခိုင် သတင်း

သဉ္ဇာနွယ်/နိရဉ္စရာ၊ ဧပြီ၁၁/၂၀၂၄

၇ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊အင်းကြင်းမြိုင် (နတလ) ကျေးရွာတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၅ ဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သုံးရက်ကြာသည်အထိ မိသားစုနှင့်အဆက်အသွယ် မ၇ ပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာစိုင်းဒင်အထက်ပိုင်း ကျေးရွာများမှဖြစ်ပြီး ဦးကိုသန်းမောင်၊ ဦးထွန်းအောင်၊ ဦးဝေသာမောင်၊ ဦးရွှေလှနှင့် ဒေါ်စိန်ခေါင်တို့ဖြစ်သည်။

၎င်းတို့သည် ၅ ဦးသည် ူးသီးတောင်မြို့နယ် အင်ကြင်းကျေးရွာကိုဈေးဝယ်လာစဉ်  ဧပြီ၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့် က ခမ၇(၅၅၁)တပ်ရင်းမှ တပ်သားများမှ  ရွာထဲသို့ဝင်ရောက်ပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့  ပြောသည်။

" သူတို့ကအင်ကြင်းမြိုင်ကို ဈေးလာဝယ်တာ။ ခမ၇ ၅၅၁ တပ်က စစ်သားတွေဝင်ပြီး ဖမ်းတာ။ ဘာအပြစ်မှ မရှိဘဲ ဖမ်းသွားတာ။ဘာကြောင့် ဖမ်းသွားမှန်းမသိဘူး။ ၅၅၁ ထဲကိုပဲ ခေါ်သွားတယ် " ဟုပြောသည်။

ဖမ်းဆီးခံ၇သူများမှာ၃ ရက်ကြာသည်ထိ  အဆက်အသွယ်မရသဖြင့် စိုးရိမ်နေကြကြောင်း မိသားစုဝင်များကပြောသည်။

" အခုချိန်ထိမိသားစုတွေနဲ့ရော ရွာကလူတွေနဲ့ရောအဆက်သွယ်မ၇ကြသေးဘူး။ အဲဒီလို အကြောင်း မရှိ အကြောင်းရှာပြီး ဖမ်းနေလို့စိတ်ပူနေ၇ပါတယ်" ဟုပြောသည်။

ဘူးသီးတောင်တွင်စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA)က ဝင်ရောက် တိုက်ခိုက်နေသဖြင့်တိုက်ပွဲများပြင်းထန်နေကြောင်းသိ၇သည်။

ဘူးသီးတောင်အခြေစိုက် ခမ၇(၅၆၄) တပ်ရင်းဌာနချုပ်အား ယခု ရက်နေ့ကလည်းကောင်း၊  ခမ၇(၅၅၂) တပ်ရင်းနှင့်တောင်ဘဇားစခန်းကို မတ်လ၂၅ ရက်နေ့ကလည်းကောင်း  သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့အနီးအနားထိ တိုက်ပွဲများဖြစ်ပွားလာနေသဖြင့်  မြို့ပေါ်ဒေသခံများ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြ၇သည်မှာ၂လခန့်ကြာမြင့်နေပြီဖြစကြောင်းသိ၇သည

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.