သဉ္ဇာနွယ်/နိရဉ္စရာ၊ ဧပြီ ၁၂/၂၀၂၄
၇ခိုင်ပြည်၊ အမ်းမြို့တွင် ဆန်တစ်ပြည်ကို ငွေကျပ် ၁၀၀၀၀ အထိဈေးကြီး ပေးဝယ်နေရ၍ လက်လုပ်၊ လက်စားများ ထမင်းခြောက်စားနေကြရကြောင်း သတင်းရရှိသည်။
အမ်းမြို့ဒေသခံများကို စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ထားသည့်အတွက် ဆန်ဈေးများ မြင့်တက်လာနေပြီး တစ်ပြည်ကို ငွေကျပ် ၁၀၀၀၀ကျပ်အထိမြင့်တက်ကာ ဆန်ရှာမရသည့် အခြေအနေသို့ရောက်ရှိနေသည်ဟု အမ်းမြို့မှ မိသားစုဝင် ၉ ဦးရှိသည့် အိမ်ထောင်ရှင်မတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။
“ အရင်က ၄၀၀၀၊ အခု ၁၀၀၀၀၊ တစ်အိတ်ကို ၂၀၀၀၀၀ ကျော်။ ဆန်တွေကလည်း အခု ရောင်းတဲ့ဆိုင်တွေတောင်မရှိတော့
ဆန် ပြတ်လပ်မှုနှင့်ကြုံနေရသည့်အတွ
“ ညီမတို့ ရပ်ကွက်မှာ ငတ်တဲ့သူလည်း ရှိတယ်။ ထမင်းလျော့စားတဲ့သူလည်းရှိတယ်။ နောက်ဆုံး ဝက်စာကိုတောင် ရေဆေးပြီး ထမင်းခြောက်လုပ်ပြီး စားနေ၇တယ်”ဟုပြောသည်။
ဆန်များပြတ်လပ်နေသည့်အပြင် ကုန်ခြောက်ပစ္စည်းဖြစ်သည့် ခေါက်ဆွဲထုပ်၊မုန့်ခြောက်ထုပ်မျ
အမ်းမှ အိမ်ရှင်မတစ်ဦးက “ ဆန်တစ်ခုထဲမဟုတ်ဘူး။စားသောက်ကု
အမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်အထိရှိပြီး ၆၀၀၀၀ ခန့်မှာ စစ်ဘေးရှောင်လျက်ရှိကာ မြို့ပေါ်လူဦးရေ ၄၀၀၀၀၀ခန့်မှာ အငတ်ဘေးဒဏ် ခံစားနေရပြီဖြစ်ကြောင်းသိ၇သည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဆန် နှစ်ပြည်ရရှိရေးအတွက် ကုန်စုံဆိုင်ရှေ့တွင် ရာနှင့်ချီသည့် လူများကို တိုးဝှေ့ဝယ်ယူခဲ့စားသုံးခဲ့ကြ