Preview

မောင်တောမြို့နယ်မြောက်ပိုင်းမှ အကြီးဆုံး ကြိမ်ချောင်း နခခ (ရ) နယ်ခြားစောင့် စခန်း အာရက္ခတပ်တော်က သိမ်းပိုက်

ဧပြီ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :3379
ရခိုင် သတင်း

(မိသားစုအပါအဝင် နယ်ခြားစောင့် ၂၀၀ ကျော်အရှင်ဖမ်းမိဟုဆို)

 

နိရဉ္စရာ၊ ဧပြီ ၁၂/ ၂၀၂၄

 

မောင်တောမြို့နယ်မြောက်ပိုင်းမှ အကြီးဆုံးနယ်ခြားစောင့်စခန်းကြိမ်ချောင်း နခခ (ရ) ကို အာရက္ခတပ်တော်သိမ်းပိုက်လိုက်ပြီဟု ခိုင်လုံသည့်သတင်းရင်းမြစ်အရ သိ၇သည်။

 

၎င်းစခန်းအား ယနေ့ ဧပြီလ ၁၂ ရက် နံနက် ၄ နာရီအချိန်တွင်အပြီးသတ်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။  

 

မိသားစုအပါအဝင်တပ်ဖွဲ့ဝင်  ၂၀၀ ကျော်အား အရှင်ဖမ်းမိပြီး နယ်ခြားစောင့်တပ်သား အများအပြားကျဆုံးသွားခဲ့သည်ဟု သိ၇သည်။

 

ဖားဝပ်ချောင်း ဒေသခံ တစ်ဦးက ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ ယနေ့ နံနက် ၆ နာရီက အပြီးသတ် ရှင်းလင်းနိုင်ခဲ့သည်ဟုသတင်း၇ကြောင်း ပြောဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.