သဉ္ဇာနွယ်
နိရဉ္စရာ၊ ဧပြီ ၁၂/ ၂၀၂၄
ရခိုင်ပြည်၊ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ဖခင်ဖြစ်သူကို ကို လာရောက်ဖမ်းဆီးစဉ် မတွေ့သဖြင့် သားဖြစ်သူနှင့် သူငယ်ချင်းနှစ်ဦးအား စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်းသိ၇သည်။
ကျိန္တလီမြို့နယ်၊သဲကုန်းကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ည ၁၀ နာရီခန့်၌ စစ်ကောင်စီ ရဲတပ်သား ၈ ဦးက နေအိမ်တစ်အိမ်အား ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဖခင်ဖြစ်သူဦးသိန်းဇံဆိုသူအား မေးမြန်းရာ မရှိသဖြင့် သားဖြစ်သူ ကိုနေဇာလင်းနှင့် သူငယ်ချင်းနှစ်ဦးကို ဖမ်းဆီးသွားကြောင်းသိ၇သည်။
ဖမ်းဆီးခံရသူများမှာ ကိုနေဇာလင်း၊ကိုဝင်းမင်းထွန်းနှ
ကျိန္တလီမြို့ဒေသခံတစ်ဦးက " အမှန်တော့ သူတို့ဖမ်းချင်တာက တစ်ယောက်။ ဖမ်းမယ့်သူကိုရှာမတွေ့လို့ တွေ့တဲ့လူကို ဖမ်းသွားတာ။ ရဲတွေက အဲ့ဒီအိမ်က အဖေဖြစ်သူကိုလာရှာတာ။ အဖေကိုမတွေ့တော့ အိမ်မှာ ရှိနေတဲ့ သူ့သားနဲ့ နောက်ထပ် နှစ်ယောက်ကို ဖမ်းသွားတာ” ဟုပြောသည်။
လက်ရှိတွင် ၎င်းတို့ကို ကျိန္ဒလီမြို့ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးရသည်ကို မသိရသေးဟု ကျေးရွာသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ အခုရက်ပိုင်းအတွင်းမှာ ဖမ်းတာတွေပိုများလာတယ်လို့ပြော
၇ခိုင်တွင် ဧပြီ ၉ ရက်မှ ၁၁ ရက်နေ့အထိ သုံးရက်အတွင်း ဘူးသီးတောင်မြို့နယ်မှ (၅) ဦး၊ ကျောက်ဖြူမြို့နယ်မှ (၄) ဦး၊ သံတွဲမြို့နယ်မှ (၁) ဦး၊ စစ်တွေမြို့နယ်မှ(၃) ဦးနှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့မှ (၃) ဦး စုစုပေါင်း (၁၆) ဦး ရှိနေပြီဖြစ်သည်။
၇ခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလ ကျော်အတွင်း အမျိုးသမီးများ၊ မွတ်ဆလင်များအပါအဝင် အရပ်သား ၄၇၁ ဦး(အမျိုသား ၄၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး )ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်ထားသည်
Photo crd- APM