Preview

ရခိုင်က စစ်ဘေးရှောင်သူများ စားနပ်ရိက္ခာပြတ်လပ်မှုရှိ

ဧပြီ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :5432
ရခိုင် သတင်း

ကြိုင်ဟိန်းလင်/ နိရဉ္စရာ၊ဧပြီ ၁၃ / ၂၀၂၄

ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်စခန်းတချို့တွင်  နိုင်ငံနှင့် ပြည်တွင်း၊ ပြည်ပ အလှူများမရရှိသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟုသိရှိ၇သည်။

တချို့ကျေးရွာများတွင် ခိုလှုံနေကြသည့် စစ်ရှောင်များအနေဖြင့်ထမင်းတစ်နပ်စာဆန်ကို နှစ်နပ်စာအဖြစ် နံနက်နှင့် ညနေ ချက်ပြုတ်စားသောက်ခဲ့ရသည့် ရက်များလည်း ရှိသည်ဟု မင်းပြားမြို့နယ်က စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ယောက်က ပြောသည်။

" စားဝတ်နေရေးကအရမ်းကျပ်တည်းတယ်။ အဲလိုမျိုး မရှိတော့ ထမင်တွေငတ်ကြရတဲ့ သူတွေလည်းရှိတယ်။ ထမင်းမချက်ရဘူး။ တစ်နပ်စာကို နှစ်နပ်စာလုပ်ပြီးတော့ စားရတဲ့သူတွေလည်း ရှိတယ်" ဟုပြောသည်။



ထိုသို့ အခက်အခဲကျရောက်ပြီးနောက် လက်ရှိတွင် အဖွဲ့အစည်းတစ်ခုကလူတစ်ယောက်ကို ငွေ ခြောက်သောင်းလောက် လာရောက် ကူညီထောက်ပံ့ပေးသဖြင့် တလောလောဆယ် အဆင်ပြေနေသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များအနေဖြင့်  သူတစ်ပါးထံမှအကူအညီကို မလိုချင်သော်လည်း လုပ်ကိုင်ရန်  အလုပ်အကိုင်လည်း မရှိသဖြင့်အခက်တွေ့နေရကြောင်း၊ မိုးရာသီတွင် ပိုမိုအခက်အခဲကျရောက်နိုင်၍ စိုးရိမ်မိကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင်စစ်ဘေးရှောင်များမှာ တာပေါ်လင်စအောက်မှာသာ နေထိုင်ရသည့်အတွက်ကျန်းမာရေး အတွက်လည်း စိုးရိမ်ရသလို သောက်သုံးရေများလည်း ရှားပါးလာနေသည်ဟု သိ၇သည်။ 

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပေါက်တောမြို့က ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင်ဦးရေ၂၀၀၀ ကျော်အထိရှိသည်ဟု သိရှိ၇သည်။

(လုံခြုံရေးအရ ရွာနာမည်အား မဖော်ပြလိုက်ပါ) (ဓာတ်ပုံ- လက်ရှိ ရခိုင်စစ်ဘေးရှောင်များ၏ ဘ၀ အခြေအနေ)

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.