ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

သင်္ကြန်အကြိုနေ့တွင် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည့် ရခိုင်မြို့တော် စစ်တွေမြို့မြင်းကွင်းများ(ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 713

နိရဉ္စရာ၊ ဧပြီ ၁၃ / ၂၀၂၄

ယနေ့ ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် ရခိုင်ပြည်မြို့တော် စစ်တွေမြို့ လမ်းမများပေါ်၌ လူသွား လူလာနည်းပါလျက်  သင်္ကြန်မဏ္ဍပ်များမရှိသလောက်ဖြစ်နေကာ ရေကစားသူများ ကိုလည်းတွေ့မြင်ရခြင်းမရှိကြောင်း မြင်တွေ့ရသည်။

စစ်တွေ မြို့လမ်းမကြီး၊ ရှုခင်းသာလမ်း၊ မေယုလမ်းများ၏ လူနည်းပါးနေသည့် မြင်ကွင်းများ ဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်က စည်ကားခဲ့သည့် ရခိုင်မြို့တော်စစ်တွေသည် ယခုနှစ်တွင် တိတ်ဆိတ်ခြောက်ကပ်လျက် ရှိသည်။ 

စစ်တွေ မြို့လမ်းမများပေါ်တွင် ပုဂ္ဂလိကရေကစား မဏ္ဍပ်များနှင့်စီးပွါးဖြစ်မဏ္ဍပ်များ တည်ဆောက်ထားခြင်းလည်း မရှိသလောက်နည်းပါလျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီက အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာနိုင်၍ သင်္ကြန်ကာလအတွင်း လူစုလူဝေး မပြုလုပ်ကြရန် အချက် (၃) ချက်ဖြင့် အာရက္ခမိဘပြည်သူများသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ဧပြီ ၁၁ ရက်နေ့စွဲဖြင့်  မေတ္တာ ရပ်ခံပန်ကြားချက်ထုတ်ပြန်ထားသည်

ဓာတ်ပုံ- Ko Sann Htay

ဆက်စပ် သတင်းများ