Preview

မောင်တော နယ်မြေ(၅) ငခူရနယ်ခြားစောင့်စခန်းတစ်ခုလုံး ရေလမ်းမှ စခန်းကိုစွန့်ခွာထွက်ပြေး

ဧပြီ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :4784
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)/ဧပြီ၁၄/၂၀၂၄

မောင်တောမြို့နယ်မြောက်ပိုင်း အရေးပါသည် စခန်းတစ်ခုဖြစ်သည့်နယ်မြေ(၅)  ငခူ၇ နယ်ခြားစောင့် စခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်၁၀၀ ကျော်သည် မိသားစုများနှင့်အတူ ယမန်နေ့ ညအချိန်က စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟုခိုင်လုံသည့် သတင်းရင်းမြစ်အရ သိ၇သည်။

“ ၁၃-၄-၂၄ ရက်ည (၁၀)နာရီကျော်အချိန်မှာ စက်လှေတွေနဲ့ ရေလမ်းက ထွက်ပြေးသွားတယ်။ ဘင်္ဂလားဒေ့ရှ်ကိုဖြစ်နိုင်သလို ရေမျက်တောင် မဟုတ်ရင် မောင်တောကိုလည်း ဖြစ်နိုင်ပါတယ်”ဟု ၎င်း သတင်းရင်းမြစ်က ပြောကြားသည်။

စက်လှေဖြင့် ရေကြောင်းလမ်းကို အသုံးပြု၍ညအချိန်ထွက်ပြေးသွားသဖြင့် သူတို့ ဦးတည်ချက်ကို မသိ၇ဟု ဆိုသည်။

ငခူ၇ ဒေသခံတစ်ဦးကလည်းထွက်ပြေးသွားသည်မှာ မှန်ကန်ပြီး အင်အား ၁၀၀ ကျော်ခန့် ဖြစ်သည်ဟု ပြောဆိုသည်။

“ ငခူ၇ နယ်ခြားစောင့်စခန်းမှာ တပ်ဖွဲ့ဝင်အင်အား (၁၀၀)ကျော်လောက်ရှိပါတယ်။  မိသားစုနဲ့ ပါဆိုရင်(၁၅၀)လောက် ဖြစ်နိုင်ပါတယ်။  သူတို့ ထွက်ပြေးတာက စက်လှေနဲ့ဆိုတော့  ဖြစ်နိုင်ခြေ အများဆုံးကတော့ ဘင်္ဂလားဒေ့ရှ်ကိုဖြစ်နိုင်တယ်။ ခန့်မှန်းကြည့်တာပါ။ သတင်း အတိအကျတော့ မရသေးဘူး။မောင်တောလား၊ ဘင်္ဂလားဒေ့ရှ်လား မသိရသေးဘူး။ သိရရင် ပြန်ပြောပေးပါမယ်”ဟု ပြောဆိုသည်။ 

လက်ရှိတွင် အာရက္ခစစ်သည်တော်များက ၎င်းစခန်းအား သိမ်းပိုက်လိုက်ပြီး၎င်းစခန်းအပါအဝင် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု သိ၇သည်။

အဆိုပါ ငခူ၇စခန်းနှင့် ပတ်သက်ပြီး ULA/AA တာဝန်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.