တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

နယ်ခြားစောင့်နောက်ထပ် ၅ ဦး ထွက်ပြေးခိုလှုံလာ၍ ဘင်္ဂလာသို့ လတ်တလော ခိုလှုံလာသူ ၁၄ ဦးအထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 779

ခိုင်လူလှ (ရိုးမမြေ)/ နိရဉ္စရာ၊ဧပြီ၁၅/၂၀၂၄

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ နောက်ထပ် မြန်မာဘက်က နယ်ခြားစောင့် ဦး လက်နက်များနှင့် အတူ ထပ်မံ ထွက်ပြေး ခိုလှုံလာသဖြင့် ယခုရက်ပိုင်းအတွင်း ခိုလုံလာသူ ၁၄ ဦးရှိသွားပြီဟု The Financial Express က သတင်းဖော်ပြသည်။

၎င်းတို့သည် ဦးသည် တနင်္ဂနွေ  ၁၁ နာရီ ၃၀ မိနစ်တွင် တက်ကနက်ကမြို့နယ် ဝါးခွပ်ချောင်း တိုက်နယ်၊ ခြံချောင်း (ခရမ်းခါလီ) နယ်စပ်မှ တစ်ဆင့် နတ်မြစ်ကို လှေဖြင့် ဖြတ်ကျော်ကာ ဝင်ရောက်ခိုလှုံလာကြသည်ဟု တက်ကနက် နယ်ခြားစောင့်တပ်  (BGB) တပ်ရင်းမှူး ဗိုလ်မှူးကြီး Mohiuddin Ahmed ကပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဦးသည် ခရမ်းခါလီ (ခြံချောင်း)နယ်စပ်မှ၎င်း၊နောက်ထပ် ၆ ဦးသည် ျီမောင်ခါလီ နယ်စပ်မှ၎င်း တနင်္ဂနွေနေ့ အစောပိုင်းတွင် ဝင်ရောက်လာကြပြီး  ယခု ဝင်ရောက်လာသူ ၅ ဦးနှင့်ဆိုလျှင် မြန်မာဘက်က ဝင်ရောက်ခိုလှုံလာသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး အထိရှိသွားပြီဟု ဆိုသည်။

လက်ရှိတွင် မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ လက်နက်များဖြင့် ဝင်ရောက်ခိုလှုံလာသူ မြန်မာတပ်ဖွဲ့ဝင် ၂၀၀ ခန့်ရှိပြီး ၎င်းတို့အား ယခုအချိန်ထိ မြန်မာနိုင်ငံအတွင်းသို့ ပြန်မပို့နိုင်သေးကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ စောစောပိုင်းက ထွက်ပြေး ဝင်ရောက်ခိုလှုံလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ကိုမူ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ရေလမ်းမှတစ်ဆင့် ပြန်ပို့ခဲ့သည်။

လက်ရှိ မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်နှင့် အကြမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ယခုရက်ပိုင်းအတွင်း ကြိမ်ချောင်းနယ်ခြားစောင့်စခန်း၊ ခမောင်းဆိပ် နယ်ခြားစောင့် စခန်းနှင့် ငခူရ နယ်ခြားစောင့်စခန်းများကို အာရက္ခတပ်တော်( ရက္ခိုင့်တပ်တော်)က သိမ်းပိုက်လိုက်ပြီဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာရက္ခစစ်သည်များ၏ ထိုးစစ်အောက်တွက် စခန်းများကို တစ်ခုပြီး တစ်ခု စွန့်ခွာကာ ကစင့်ကလျားထွက်ပြေးနေကြသည်ဟုလည်း ဒေသအတွင်းမှ ရရှိသော သတင်းများအရ သိရသည်။

(ပုံစာ- နယ်ခြားစောင့်များ ဖြတ်ကျော်ဝင်ရောက်လာသည့် နတ်မြစ်အားတွေ့ရစဉ်/ The financial Express )

ဆက်စပ် သတင်းများ