Preview

ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးနှင့် နိုင်ကျဥ်း ၁၀ ဦးခန့်အပါအဝင် စစ်တွေထောင်မှ အကျဥ်းသား ၃၆ ဦး လွတ်မြောက်

ဧပြီ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :1115
ရခိုင် သတင်း

စိုးစံအောင် ၊ နိရဥ္စရာ၊ ဧပြီ ၁၇ / ၂၀၂၄

 စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးနှင့် နိုင်ကျဥ်း၁၀ ဦးခန့် ပါဝင် စစ်တွေထောင်မှ အကျဥ်းသား ၃၆ ဦ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။  

 

ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌဒေါ်ညိုအေးသည်  ၂၀၂၃ ခုနှစ်က စစ်တွေဆန်ပြသနာနေ့ဝမ်းနည်း အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်မှုကြောင့်မတရားဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့၇ပြီး ယနေ့တွင်နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်းမိသားစုဝင်များထံမှသိ၇သည်။

 

ယနေ့စစ်တွေအကျဥ်းထောင်မှအကျဥ်းသား ၃၆ ဦးလွတ်ငြိမ်းချမ်းသာဖြင့်လွတ်လာပြီး ယင်းအထဲတွင် ဒေါ်ညိုအေးအပါအဝင်နိုင်ငံရေးအကျဥ်းသား ၁၀ ဦးပါဝင်ကြောင်း မိသားစုဝင်များကပြောသည်။

 

ဒေါ်ညိုအေးမှာလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီးကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။ " စစ်တွေထောင်က အားလုံး၇၀ လွတ်မယ်လို့ အစက ကြားထားပေမယ့်သုံးဆယ့်ခြောက်ယောက်ပဲလွတ်တယ်လို့သိ၇တယ်။ ဒီနေ့နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ ပြန်လွတ်လာပါပြီ။လူကကျန်းမာပါတယ်" ဟု ဒေါ်ညိုအေး၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

 

ပြီးခဲ့သည့်မတ်လ ၁၈ ရက်က ဒေါ်ညိုအေးကို စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည်မှာသေချာသည့်အတွက် ပုဒ်မ ၅၀၅(ခ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့သည်။

 

သူမသည်ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင်စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့်အတွက်ဟုဆိုကာပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၅ ရက်တွင် စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့၇ခြင်းဖြစ်သည်။

 

၂၀၂၄ခုနှစ် ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ တွင် စစ်ကောင်စီက နိုင်ငံတဝန်း အကျဥ်းထောင်များမှ အကျဥ်းသား ၃၃၀၃ ဦးကိုပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ထားသည်။

 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.