နိရဉ္စရာ၊ ဧပြီ၁၇/၂၀၂၄ (ဘာသာပြန်သတင်း)
၇ခိုင်ပြည်နယ်၊ဘူးသီးတောင်ဒေသတွင် အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုများက ဟိန္ဒူဘာသာဝင်၁၆၀၀ ကျော် နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ကျော်တို့ကို ဓါးစာခံများအဖြစ်ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အိန္ဒိယ အိတ်စ်ပရက်သတင်းဌာနက ဖော်ပြလိုက်သည်။
ယခုကဲ့သို့အစ္စလာမ်အကြမ်းဖက်အုပ်စုများက ဟိန္ဒူဘာသာဝင်များအား ဓါးစာခံအဖြစ်ဖမ်းဆီးထားခြင်းမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွါးခဲ့သော မွတ်ဆလင်အဓိကရုဏ်းတစ်ကျော့ပြန်ဖြစ်လာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
“ ဘူးသီးတောင်မှာတစ်နေ့တခြား အခြေအနေမတည်ငြိမ်မှုနဲ့ မငြိမ်မသက်မှုတွေ တိုးပွါးလာနေတာနဲ့အမျှမြန်မာစစ်တပ်ရဲ့လမ်းညွှန်မှုအောက်က အစ္စလာမ်အကြမ်းဖက်အုပ်စုတွေဟာဘာသာရေးအခြေခံ လူမျိုးစုတွေအပေါ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ထိန်းမနိုင်သိမ်းမရ လုပ်ဆောင်လာနေတာတွေ့၇တယ်။ ဟိန္ဒူလူမျိုး၁၆၀၀ ကျော်နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကျော် အဲဒီမှာ ဓါးစာခံတွေ ဖြစ်နေပါတယ်”ဟုသတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့သည်။
အဆိုပါဓါးစာခံများ အသက်ရှင်ရန် နှင့် ပြန်လည်လွတ်မြောက်ရန်မှာ မသေမချာ မရေမရာဖြစ်နေသည်ဟု အိန္ဒိယ အိတ်စပရက်စ်က ဖော်ပြသည်။
လူမျိုးရေးနှင့်ဘာသာရေး အဓိကရုဏ်းကြောင့် ဒေသခံများ အသက်လု၍ ထွက်ပြေးခဲ့၇ပြီးကံအကြောင်းမလှသူ လူငယ် နှစ်ဦးမှာ ဧပြီ ၁၁ ရက်နေ့က လည်ပင်လှီးသတ်ဖြတ်ခံခဲ့၇သည်။
ယခုဖြစ်ရပ်မှာရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ ၂၀၂၃ နိုဝင်ဘာလတွင် တိုက်ပွဲများ စတင်ဖြစ်ပွါးခဲ့ပြီးနောက်ပိုင်းထိုဒေသတွင် ပထမဦးဆုံးပေါ်ပေါက်သည့် ဖြစ်ရပ်ဖြစ်သည်။
“ မြန်မာစစ်တပ်ဟာ ARSA နဲ့ARA မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေကို ၇ခိုင့်တပ်တော်(AA)ကို တိုက်ခိုက်ဖို့အခြေခံစစ်သင်တန်းတွေ ပေးခဲ့တယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
မွတ်ဆလင်အကြမ်းဖက်အုပ်စုများသည်ဖမ်းဆီးထားသည့် ဓါးစာခံများ၏ နေအိမ်များကို ဖောက်ထွင်းလုယက်ကြပြီးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
၇ခိုင့်တပ်တော်(AA)နှင့်တော်လှန်ရေးအုပ်စုများက အစ္စလာမ်ဘာသာရေးအဖွဲ့များကိုလက်ရှိတိုက်ခိုက်မှုများကတစ်ဆင့် ဘာသာရေးကွဲပြားမှုသားကောင်အဖြစ်သို့ ရောက်ရှိမသွားရန် မေတ္တာရပ်ခံထားသည်။
ယခုဖြစ်ရပ်သည်၂၀၁၇ ခုနှစ်က ၇ခိုင်ပြည်နယ်တွင် မွတ်ဆလင်အကြမ်းဖက်သမားများက အမျိုးသမီးနှင့်ကလေးများအပါအဝင် ဟိန္ဒူလူမျိုး ၁၀၀ နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို အမှတ်၇စေသည်။