အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

မောင်တော ၆ မိုင်၌ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တော ၆ မိုင်၌ ဧပြီလ ၁၈ ရက် ယနေ့ နံနက် ၈ နာရီမှစပြီး အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်နေကြသည်ဟု  ၄ မိုင်ဒေသခံများက ပြောကြားသည်။

"မနက် ၈ နာရီကစပြီး လက်နက် ငယ်အပြန်အလှန်ပစ်သံတွေကို  ၆ မိုင်ဖက်က ဆက်တိုက် ကြားနေရတယ်။ အခုတော နခခ(၅)က လက်နက် ကြီးဆက်တိုက်ပစ်နေတယ်"ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ဘူးသီးတောင်-မောင်တောကားလမ်းပေါ်တွင်ဖြစ်ပြီး ၎င်းကားလမ်းကိုလည်း အာရက္ခတပ်တော်က ထိန်းချုပ်ပြီးနောက် မောင်တောမြို့နယ် အခြမ်းဘက်မှ ၆ မိုင်ကို ဝင်ရောက်တိုက်ခိုက်ပုံရသည်ဟု ၎င်းက ပြောကြားသည်။

မောင်တောမြို့ပေါ်သို့ ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီကျော်အချိန်၌ စစ်ကောင်စီသင်တန်းပေး မွတ်ဆလင်စစ်သား ၅၀ ကျော် ဝင်ရောက်ပြီး မြို့ကို လှည့်လည်ခဲ့ကြသဖြင့်  မောင်တောမြို့ခံများ စိုးရိမ်မူများရှိနေကြကြောင်းပြောဆိုသည်။

"မနေ့က ၈ နာရီ​ကျော်လောက်မှာ မွတ်ဆလင်စစ်သား ၅၀ ကျော်မောင်တောမြို့ ရပ်ကွက်တိုင် ဝင်ရောက်လည်ပတ်ခဲ့ကြတာ။ ကျွန်တော်တို့အစက စစ်သားတွေထင်တာသေချာကြည့်မှ မွတ်ဆလင် စစ်သားတွေဖြစ်နေတယ်။ ဦးထုတ်က ကျဥ်ကာဦးထုတ်မဟုတ်ဘူး။နောက်ပြီး သေနတ်မှာ ကျဥ်ဘောက် ထည့်မထားဘူး။သူတို့ဝင်လာတော ဆိုင်တွေလည်းအကုန်ပိတ်လိုက်ကြရတယ်။ စိုးရိမ်မှုတော့ ရှိေကြရတယ်"ဟု မောင်တောဒေသခံတစ်ဦးကပြောဆိုသည်။

မောင်တောမြို့နယ်နှင် ဘူးသီးတောင်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ခုပြီးတစ်ခု အာက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လျက်ရှိနေသည်ဟု သိရသည်။   

ဆက်စပ် သတင်းများ