ချင်းပြည်နယ်၊ပလက်၀တွင် မိုင်းနင်းမိပြီး စစ်ဘေးရှောင်လူငယ်တစ်ဦး၏ ဘယ်ဖက် ခြေထောက်ဒူးအောက်ပိုင်းမှ ပြတ်ထွက် သွားကြောင်း သတင်းရရှိသည်။
မိုင်းပေါက်ကွဲမှုကြောင့်ခြေထောက်ပြတ်ထွက်သွားသူမှာ ကျောက်တော်မြို့၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှမောင်သိန်းစိုး (၁၈ နှစ်) ဖြစ်ကြောင်းသိ၇သည်။
၎င်းသည် ယမန်နေ့ဧပြီလ ၁၇ ရက် ညနေ ၄ နာရီခန့်တွင် စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်နေရန်ပလက်၀မြို့နယ်၊ လိပ်ခေါင်းဗျူဟာအနီးရှိ မိမိပိုင် ဥယျာဥ်ခြံမြေကို ရှင်းစဥ်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်
မိသားစုဝင်တစ်ဦးက"စစ်ရှောင်
၂၀၂၀ ခုနှစ်ကတည်းကလိပ်ခေါင်းဗျူဟာအနီး ဖြစ်ပွါးခဲ့သည့် တိုက်ပွဲများကြောင့် ၄ နှစ်ကျော်ကြာစစ်ဘေးရှောင်အဖြစ်နှင့် နေထိုင်ခဲ့ကြရပြီး လက်ရှိတွင် စားဝတ်နေရေးအခက်အခဲကြောင့် နေရပ်ပြန်ပြီးနေထိုင်ရန်ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြ
လက်ရှိတွင်မောင်သိန်းစိုးကို ကျောက်တော်မြို့နယ်အတွင်းမှ ဆေးခန်းတစ်ခုတွင် ဆေးကုသထားကြောင်းသိ၇သည်။
ပလက်၀မြို့နယ်အတွင်းမှစစ်ဘေးရှောင်နေ၇သည့် ဒေသခံများသည် ပလက်၀မြို့ကို အာရက္ခတပ်တော်ကသိမ်းပိုက်ထားသော်လည်း မိုင်းရှင်းလင်းရေး လုပ်ငန်းများ အပြည့်အ၀မလုပ်ဆောင်နိုင်သည့်အတွ