နောင်မင်းသူ၊နိရဉ္စရာ၊ဧပြီ၁၈/၂၀၂၄
ရခိုင်ပြည်နယ်၊မောင်တောမြို့ရှိမွတ်ဆလင်လူငယ်များအားစစ်မူထမ်းရန် စစ်ကောင်စီက ဖမ်းဆီးမူပြုနေတာကြောင်းမောင်တောဒေသခံမွတ်ဆလင်လူငယ်များညအချိန်၌ မိမိ နေအိမ်များတွင် မအိပ်ရဲတော ဘဲတိမ်ရှောင်နေထိုင်နေကြကြောင်းဒေသခံမွတ်ဆလင်များထံမှသိ၇သည်။
မွတ်ဆလင် တစ်ဦးက "ကညင်တန်းကျေးရွာကမွတ်ဆလင်လူငယ်ကို ဧပြီလ၁၂ ရက်နေ့ညက စစ်ကား ၃ စီး နဲ့ လာပြီး နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ရှိတယ်။ အုပ်ချုပ်ရေး အဖွဲတွေလည်း ပါတယ်။ လူငယ်တွေကထွက်ပြေးသွားတာများတယ်။၁၂ဦးဖမ်းမိတယ်။ သူတို့က ၁၂ ဦးနဲ့ ဘာမှ လုပ်မ၇ဘူး။အနည်းဆုံး ၅၀ ၇မှဖြစ်မယ်။ပြန်လွတ်ထားလိုက်ဆိုပြီးကားပေါ်ကချပေးသွားတယ်" ဟု ပြောကြားသည်။
ဧပြီလဆန်းပိုင်းမှစပြီးမောင်တောမြို့ပေါ်ရှိ မွတ်ဆလင်ရပ်ကွက်၊ကျေးရွာကြီးများဖြစ်ကြတဲ့မြို့မကညင်တန်းရပ်ကွက်၊မောင်နီကျေးရွာ၊ရွှေဇားကျေးရွာအုပ်စုများသို့ ညအချိန် ၌စစ်ကားများ နယ်ခြားစောင့်ကားများဖြင့် သွား ရောက်ဖမ်းဆီးမူပြုလုပ်နေကြသော်လည်း လူငယ်များ တိမ်ရှောင်နေကြတာကြောင့် ဖမ်းဆီးမူများမအောင်မြင်ဖြစ်နေတယ်လို့မွတ်ဆလင်တွေက ပြောဆိုကြသည်။
“ သူတို့ဘယ်လောက်စည်းရုံးပြီးခေါ်ခေါ်မောင်တောက မွတ်ဆလင်လူငယ်တွေက လုံး၀ကို စိတ်မဝင်စားကြတာ။ နေအိမ်တွေမှာမအိပ်ကြတောဖမ်းဆီးလို့မ၇နိုင်တာ" ဟု၎င်းက ပြောဆိုသည်။
မောင်တောမြို့ရှိ မွတ်ဆလင်လူငယ်များအား စစ်ကောင်စီမှစစ်မူထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးမူတွေ လုပ်နေတာရှိသလို အုပ်ချုပ်ရေး အဖွဲ့တွေကတဆင့် ဖိအားပေးပြီးစစ်မှု ထမ်းဖို့ခေါ်တာတွေလည်း ရှိနေတာကြောင်း လူငယ်များမှာ ညအချိန်၌မိမိနေအိမ်များ၌ မအိပ်ရဲတောဘဲ လယ်တဲများ၊ လဟ်ကွင်းများ၊ ပုဇွန်ကန်တဲ့ များ၌တိမ်ရှောင်ပြီးအိပ်နေကြ၇တာလည်းဖြစ် သည်။
မောင်တောခရိုင်ဖြစ်တဲ့ဘူးသီးတောင်မြို့ရှိ မွတ်ဆလင်လူငယ်များအား စစ်ကောင်စီမှ စစ်မူထမ်းရန် အဓမ္မ ဖမ်းဆီးခေါ်ဆောင် ပြီး ရက္ခိုင်တပ်တော်အားအမုန်းတရားပွား ရန် မွတ်ဆလင်များအား ဆန္ဒပြခိုင်မူလူမျိုးရေး/ဘာသာရေးပြဿနာများဖြစ်ပွါးအောင် ၇ခိုင်လူနေအိမ်များအား မီးရှို့ ခိုင်းစေမူများ ပြုလုပ်လျှက်ရှိနေသည်။