Preview

ကျောက်ဖြူ၊ စနဲမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများ ရာနှင့်ချီ ထွက်ပြေးနေကြ

ဧပြီ ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :1564
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၁၈/ ၂၀၂၄

၇ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို ယနေ့ဧပြီ ၁၈ရက်နေ့၊ နေ့လယ် နာရီခန့်က ဇင်ချောင်းမြစ်ပေါ်တွင် ရပ်နားထားသည့် စစ်ကောင်စီနေဗီပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ဒရုန်းများဖြင့်ပါပစ်ခတ်နေသဖြင့် ဒေသခံ ရာနှင့်ချီ၍ ထွက်ပြေးနေကြကြောင်းသတင်းရရှိသည်။

 

စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုများကြောင့် စနဲမြို့ပေါ်ရပ်ကွက်များနှင့် အလယ်ဒွိန်အုပ်စု၊တောင်မော်ကျေးရွာနှင့်ကျောက်ဆည်ရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေကြ၇သည်ဟု စနဲမြို့နယ်မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

 

" အခုရက်ပိုင်း စနဲမြို့နဲ့ နီးတဲ့နေရာတွေကို လှမ်းပစ်နေတာ။တိုက်ပွဲလည်း မရှိဘူး။  ဒီနေ့ဆိုရင် ဒရုန်းနဲ့အရင်လာပစ်တယ်။ ပြီးမှ ဇင်ချောင်း ချောင်းမှာရပ်ထားတဲ့နေဗီကလည်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒီနေ့အများဆုံးပဲ ဆယ့်တစ်လုံးလောက်ရှိတယ်" ဟုပြောသည်။

 

၎င်းအပြင် နေအိမ်များတွင် သက်ကြီးရွယ်အိုများနှင့် ၎င်းတို့အား စောင့်ရှောက်ရန်ကျန်နေရစ်သူ မိသားစုဝင်များကို စိုးရိမ်နေကြကြောင်း သူမကဆက်ပြောသည်။

 

" စနဲမြို့ပေါ်ကလူတွေလည်းထွက်ပြေးနေကြပြီ။မြို့မှာ အိမ်စောင့်နေတဲ့လူလောက်ပဲရှိတော့တယ်။ ဒီနေ့ဆိုရင် မြို့နဲ့နီးတဲ့ ရွာဖက်တွေကလူတွေလည်း လုံခြုံတဲ့နေရာတွေကို တိမ်းရှောင်နေကြ၇ပါပြီ။  မိုင်းတွေကလည်းထောင်ထားတော့ အသက်အန္တရာယ်ကိုလည်းစိုးရိမ်၇တယ် " ဟုပြောသည်။

 

စနဲမြို့နှင့် မိုင်နီးပါးကွာဝေးသည့်နေရာတွင် တောင်ကြီးမော်ရေတပ်စခန်းရှိပြီး အဆိုပါစခန်းကလည်း လက်နက်ကြီးကျည်များ မကြာခဏပစ်လေ့ရှိသဖြင့် ဒေသခံများမှာ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ၇ကြောင်း သိ၇သည်။

 

၇ခိုင်တွင် လွန်ခဲ့သည့် ဖေဖော်ဝါရီလအထိ စစ်ဘေးရှောင် သိန်းကျော်အထိရှိနေပြီး လက်ရှိတွင် ၎င်းအရေအတွက်ထက် ပိုတိုးလာနေသည်ဟုလူမှုရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုသည်။

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.