ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ရွာအနီးကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 540

စောရှင်မေ/နိရဉ္စရာ၊ ဧပြီ ၁၉/၂၀၂၄

 ရခိုင်ပြည်၊  မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာအနီး တောင်တန်းများကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၆ နာရီကျော်ခန့်တွင်  စစ်ကောင်စီက ဂျက်လေယာဥ် တစ်စီးဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့သည်ဟု သတင်းရရှိသည်။

 

ကျောက်ဆည်ပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက " လေယာဥ်နဲ့ ၃ ကြိမ်ဗုံးချခဲ့တယ်။ မမျှော်လင့်ဘဲ လေယာဥ်နဲ့ဗုံးလာချတာဆိုတော့ နည်းနည်းတော့ထိတ်လန့်သွားတာပေါ့ ရွာထဲမှာတော့မကျဘူး။ ရွာနားကတောင်တွေမှာကျတယ်။ အထိအခိုက်ရှိလာတော့ သေချာ အတိအကျမပြောနိုင်ဘူး။ တောင်နားတွေသွားတဲ့ သူတွေရှိချင်ရှိနိုင်လို့လေ။ မနက်အစောကြီးလည်း သစ်၊ ဝါး ခုတ်ဖို့သွားတဲ့သူတွေလည်းရှိတာကိုး " ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

လေယာဉ်ဖြင့် ဗုံးကြဲချ၍ ကျေးရွာသားများအနေဖြင့် အထိတ်တလန့် ဖြစ်ကာ စိုးရိမ်နေကြရသည်ဟု ပြောဆိုသည်။

 

ကျောက်တော်မြို့ပေါ်တွင် ယမန်နေ့ ညအချိန်ကလည်း စစ်ကောင်စီ ဂျက်လေယာဥ် ပျံဝဲခဲ့သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

 

" မနေ့ကတည်းကနေ ကျောက်တော်ဘက်မှာ လေယာဥ်ဝဲနေတာ။ ဒီလိုမျိုးလုပ်နေတာတွေက ပြည်သူတွေကို ခြောက်လန့်နေတာပေါ့နော်။ တကယ်တော့ တိုက်ပွဲလည်းမရှိ မြို့လည်း သိမ်းထားပြီဆိုတော့ ဒီလိုတွေမဖြစ်သင့်ဘူး။ ဒေသခံတွေအနေနဲ့ စိုးရိမ်မှာတွေကရှိနေတုန်းပါပဲ " ဟုပြောသည်။

 

ယင်းအပြင် ပြီးခဲ့သည့် ဧပြီလ ၁၅ရက်နေ့ကလည်း ကျောက်တော်မြို့အနီးတစ်ဝိုက်ကို ဂျက်လေယာဥ်ပျံဝဲခဲ့၍ မြို့ခံများစိုးရိမ်ထိတ်လန့်ခဲ့ကြရသည်။

ဆက်စပ် သတင်းများ