ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်၊ သစ်ပုံအုပ်စုမှ ကျေးရွာနှစ်ရွာအား တစ်ပတ်အတွင်း ပြောင်းရွှေ့ရန် စစ်ကောင်စီက ဖိအားပေးနှင်ထုတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 518

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံအုပ်စုရှိ ကျေးရွာနှစ်ရွာကို ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်က စစ်ကောင်စီစစ်ကြာင်း တစ်ခုရောက်ရှိလာကြပြီး တစ်ပတ်အတွင်း ရွာမှ ထွက်သွားကြရန် ဖိအားပေးနှင်ထုတ်နေကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းမှာ ကမောင်တောင်စခန်းမှ အရာရှိတစ်ဦးနှင့် စစ်အင်အား(၅၀) ခန့်ပါဝင်ပြီး သစ်ပုံအုပ်စုထဲမှ ငှက်ပျောတောရပ်ကွက်နှင့် အနောက်ပါးရပ်ကွက် ကျေးရွာသားများကို ရွာမှ ထွက်သွားကြရန် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မာန်အောင်ဒေသခံတစ်ဦးက နိရဉ္စရာအားပြောသည်။

ကမောင်တောင်က ဗိုလ်တစ်ယောက်နဲ့ စစ်သား အယောက် ၅၀ လောက်က ကားသုံးစီးနဲ့ရွာထဲဝင်ပြီး ရွာသားတွေကို ဒီ(၇) ရက်အတွင်းမှာ ပြောင်းရမယ်ပြောတယ်။ အခုကျနော်တို့ ရွာသားတွေ ဆောက်တည်ရာ မရဖြစ်နေကြရပါပြီ “ ဟုပြောသည်။

ရွာသားများကို နှင်ထုတ်ရခြင်းမှာ သစ်ပုံကျေးရွာမှရွာသားများသည် အာရက္ခတပ်တော်(AA)ကို ထောက်ပံ့ပေးခြင်းကြောင့်ဖြစ်ပြီး ၇ ရက်အတွင်း ထွက်သွားကြရန် ပြောဆိုခဲ့ကြောင်း အခြားကျေးရွာသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

သူတို့က အာရက္ခတပ်တော်ကို ဒီရပ်ကွက်တွေက ထောက်ပံ့တယ်၊ ဆက်စပ်တယ်ဆိုပြီး နှင်ထုတ်တာ နောက်လူတွေ မလုပ်ရဲအောင်ဆိုပြီး”  ဟုပြောသည်။

ဧပြီ ၁၈ ရက်နေ့ ညနေပိုင်းအချိန်အထိ အိမ်ထောင်စု ၁၀ စုခန့်ရှိ မိသားစုများကိုရွာပြင်သို့ ထွက်သွားခိုင်းခဲ့ပြီး ကျန်နေသည့် ရွာသားများကို တစ်ပတ်အတွင်း မထွက်ပေးပါက ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ရွာသားများမှာ ကြောက်ရွံစိုးရိမ်နေကြကြောင်း မာန်အောင်မြို့မှ လူမှုရေးလုပ်ကိုင်နေသူများက ပြောသည်။

ယမန်နေ့က ရွာမှ ထွက်ခွာသွားသူများကို  သစ်ပုံကျေးရွာနှင့် (၇) မိုင်ကွာဝေးသည့် ဖက်ယားကျေးရွာနှင့် ပန်းခြံကျေးရွာ သို့ ပြောင်းရွေ့စေပြီး တာလပတ်များ မိုး၍  နေခိုင်းထားသည်ဟု ဆိုသည်။

သစ်ပုံကျေးရွာအုပ်စုတစ်ခုလုံးတွင် အိမ်ခြေ( ၆၃၉) အိမ်ရှိပြီး လူဦးရေ  ၂ ထောင်ကျော်နေထိုင်ကြကြောင်း သိရသည်။

မာန်အောင်မြို့နယ် ကျေးရွာတချို့မှ လူမှုရေးလှုပ်ရှားသူများနှင့် ဒေသခံပြည်သူများကို စစ်ကောင်စီ လက်အောက်ခံ မာန်အောင်မြို့မရဲစခန်းတွင် အာရက္ခတပ်တော်(AA)၏ တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ စာရင်းပြုစုထားသဖြင့် စိုးရိမ်မှုဖြင့် နေနေကြရကြောင်း မာန်အောင်မြို့ခံဒေသခံများက ဆိုသည်။

 photo crd- Rathedaung Khitthit

 

ဆက်စပ် သတင်းများ